ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန ရတနာပုံတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဩဂုတ် ၁၁ ရက် မွန်းလွဲ ၃ နာရီက အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစားကွင်းတွင် ကျင်းပရာ အားကစားပညာအသင်းက တံခွန်စိုက်ဆုဆွတ်ခူးနိုင်ခဲ့သည်။