ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြစေတီဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်းကပါကျေးရွာရှိ ကျန်စစ်သားမင်းကြီး၏ကောင်းမှုတော် မြစေတီဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဩဂုတ် ၈ ရက် နံနက် ၈ နာရီက ဆွမ်းသပိတ်လောင်းလှူပူဇော် ကျင်းပသည်။