မြင်းခြံဗဟိုအကျဉ်းထောင် ဥယျာဉ်ခြံထွက် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ
မန္တလေးတိုင်းဒေသကြီး မြင်းခြံဗဟိုအကျဉ်းထောင် ဥယျာဉ်ခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ဝန်ထမ်းများအား ရောင်းချပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရောင်းချပေးသည်။