မဟာအောင်မြေမြို့နယ်၌ အများပြည်သူများအား ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက်ကောက်ယူခြင်းဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ကွင်းဆင်း ဆောင်ရွက်ပေးသည့်အပြင် မြို့နယ်ရုံးတွင် လည်းဝန်ထမ်းများက အများပြည်သူများအား ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက် (Biometrics Data) ကောက်ယူခြင်းလုပ်ငန်းများအား နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။