မန္တလေးတိုင်းဒေသကြီး

တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ် ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာဟိန်းလတ်၏ မှတ်ဉာဏ်ရင့်သန်ထက်မြက်စေရန် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရေဘေးအန္တရာယ် ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား(ပထမ)အကြိမ် ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရေဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား (ပထမ)အကြိမ်ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဘူတာရပ်ကွက် ရတနာအောင်မြေဘုရားဝန်းအတွင်းရှိ ဓမ္မာရုံ၌ ပေးအပ်လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ လူငယ်စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းဆောင်ရွက်သော လူငယ်စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

‎မဟာအောင်မြေမြို့နယ် အ.ထ.က(၂၄ )၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲနှင့် အားကစားနှင့်လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့နယ်၌ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုး ထယ်ထိုးမြေမြှပ်ခြင်း ကွင်းသရုပ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကွင်းအမှတ် (၉၁၅/၁၅၄၈)၊ ဦးပိုင် အမှတ်(၁၈၁)၊ တောင်သူ ဦးကြည်တင်၏ မိုးစပါး မစိုက်ပျိုးမီ လယ်မြေ(၅)ဧကတွင် ယနေ့နံနက် ၉ နာရီက မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုး ထယ်ထိုး မြေမြုပ်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Center အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ မိုးစပါး(၁၉၆၅၀)ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်  မိုးစပါးများစိုက်ပျိုးရာတွင် နေရာဒေသအလိုက် ရေသောက်နည်းလမ်းများဖြင့် ပျိုးစိုက်နှင့် အစေ့ချစိုက်နည်းများဖြင့် စိုက်ပျိုးလျက်ရှိရာ (၁၉၆၅၀)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

‎မဟာအောင်မြေမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

‎မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူး ပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင် မြို့နယ်အလိုက်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ ၄၂လမ်း၊ လမ်း၈၀၊ ၈၁လမ်းကြားတွင် ရောင်းချပေးခဲ့သည်။

တံတားဦးမြို့နယ် ချောင်းမကန်၊ သူငယ်တော်ကန်နှင့်သစ်တက်ကုန်းကန်ရေသောက် စနစ်ဖြင့် မိုးစပါး  ၅၅၃ဧက စိုက်ပျိုးပြီးစီး

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ချောင်းမကန်သောက် ၊ သူငယ်တော်ကန် ရေသောက်နှင့်သစ်တက်ကုန်းကန်ရေသောက် စနစ်တို့တွင် မိုးစပါး ဧက၈၀၀ စိုက်ပျိုးရန်လျာထားပြီး ယခုအခါ  ၅၅၃ဧက စိုက်ပျိုးပြီးကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ပျော်ဘွယ်မြို့နယ်တွင်ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန် အပျော်တမ်းအဆင့် စစ်တုရင်ပြိုင်ပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ အပျော်တမ်း စစ်တုရင်ပြိုင်ပွဲကျင်းပပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံးတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး