မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်တက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တ‌ရာယ် အသိပညာပေး ဟောပြော

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်နှင့် ကျောက်ဆည်ခရိုင် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့တို့‌ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၅ရက် မွန်းလွဲ ၁ နာရီခွဲက တက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပသည်။

‎မန္တလေးတက္ကသိုလ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်စီးပွားရေးပညာဌာန၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ညောင်ဦးခရိုင်လူထုအခြေပြုဗဟိုဌာန၌ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဩဂုတ် ၅ ရက် မွန်းလွဲ ၂ နာရီက ငွေစာရင်းထိန်း သိမ်းနည်းသင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။

မိတ္ထီလာခရိုင် လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေး

မိတ္ထီလာမြို့သို့ နိုင်ငံတော်အကြီးအကဲ လာရောက်သည့်ခရီးစဉ်တွင် လမ်းညွှန်မှာကြားချက် အရဆောင်ရွက်သော မိတ္ထီလာခရိုင်၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီက ပန်းလေပြေ(ဝန်ဇင်း)ဟိုတယ်ခန်းမ၌ ကျင်းပသည်။

ရမည်းသင်းမြို့နယ်အတွင်း စပါးမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း

မန္တလေးတိုင်းဒေသကြီး  ရမည်းသင်းမြို့နယ် အင်ကြင်းကန်ကျေးရွာမှ ဒေသခံ တောင်သူ ဦးဇော်၊ ကွင်းအမှတ်(၁၁၁၂)၌  စပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ(Drum Seeder) အသုံးပြု၍ မိုးစပါးစိုက်ပျိုးနေမှုကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကြည့်ရှုအားပေးသည်။

ပရိယတ္တိသာသနဟိတအသင်းတွင် ဝဋံသကာဘွဲ့ရ ဦးဃောသိတာလင်္ကာရာဘိဝံသအား ဂုဏ်ပြုပွဲပြုလုပ်

ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၊ ပရိယတ္တိသာသနဟိတအသင်းတွင် ဝဋံသကာဘွဲ့ရ ဦးဃောသိတာလင်္ကာရာဘိဝံသအား သီးခြားဂုဏ်ပြုပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ချုပ်အကျိုးတော်ဆောင်၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ မိုးကောင်းကျောင်းတိုက် ဇယဝတီကျောင်း ဆရာတော် ဘဒ္ဒန္တသုဇာနဘိဝံသ၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော်  ဘဒ္ဒန္တဝိစိတ္တဘိဝံသ(ဦးဝိရသူ)နှင့်၊ ပရိယတ္တိသာသနဟိတအသင်းမှ အသင်းသားများ တရားနာပရိတ်သတ်များတက်ရောက်ခဲ့ကြသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ ငှက်ပျောပင်များ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများသည် နှစ်တို၊ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းများအပြင် မိသားစု  အပိုဝင်ငွေရရှိစေရန်အတွက် ငှက်ပျောပင် စိုက်ပျိုးခြင်းကိုလည်း လုပ်ကိုင်ကြသည်။

ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က(၂၇)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က (၂၇)ကျောင်း‌ အောင်တံခွန်ခန်းမ၌ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ဒေသထွက်ကုန်များနှင့် လူမှုစီးပွားဘဝဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သင်းတွဲမြောင်းဘောင်အား ပြန်လည်ပြုပြင်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးတွင်းကာလသွားလာရန်အခက်အခဲဖြစ်ပေါ်နေသည့် သင်းတွဲမြောင်းဘောင် လမ်းပိုင်းတစ်နေရာအား ရာသီမရွေးသွားလာနိုင်ရေး ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် လူငယ် စာဖတ်ဝိုင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယ‌မန်နေ့မွန်းလွဲ ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အတွက် လူငယ်စာဖတ်ဝိုင်း‌၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများ သုတရသစာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့ သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး