မန္တလေးတိုင်းဒေသကြီး

တံတားဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများနှင့် မွေးကင်းစကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက အမှတ်(၁)ရပ်ကွက် ဘူတာရပ်သို့ သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်ရှိန်မြှင့်တင်ရေး ကျောက်ဆည်မြို့နယ် လက်ပန်ပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် မိုးသီးနှံ ပဲမြစ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင်မိုးသီးနှံဖြစ်သော ပဲမြစ်စိုက်ခင်းများ အောင်မြင်ထွန်းလျက်ရှိကြောင်းသိရသည်။

ညောင်ဦးခရိုင်အဆင့်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့   လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အဆင့်စိုက်ပျိုးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဩဂုတ် ၅ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။

မိတ္ထီလာမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်းတီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့်ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း အမျိုးသမီးများဝင်ငွေတိုးရေးလုပ်ငန်းဖြင့် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာ သင်တန်းမှ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)ရှိ လေ့ကျင့်ပျိူးထောင်ရေးစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပုဂံမြို့ ယွန်းပညာကောလိပ်၌ အမှိုက်အမျိုးအစားခွဲခြားခြင်း ဟောပြောပွဲနှင့်အမှိုက်ပုံးပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ယွန်းပညာကောလိပ်‌ အစည်းအဝေးခန်းမ၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ ပလတ်စတစ် အစားထိုး အိတ် (၂၀) အိတ်ပေးအပ်ခြင်းနှင့် အမှိုက်ပုံး (၄) ပုံးပေးအပ်ခြင်းအား အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day)အထိမ်းအမှတ်မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ်(၂၂)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ကျောက်ဆည်တက္ကသိုလ် ငလျင်ဒဏ်သင့် အဆောက်အအုံများ ပြန်လည်ပြုပြင်‌နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး  ဦးအောင်ကျော်မိုးနှင့် အဖွဲ့သည်  ဩဂုတ် ၄ ရက် နံနက်ပိုင်းက  မန္တလေးငလျင်ကြီးကြောင့်  ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျောက်ဆည် တက္ကသိုလ်အတွင်းရှိ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြုပြင်‌ ဆောင်ရွက်‌နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း စပါးမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ဒေသခံတောင်သူများအနေဖြင့် တစ်ဧက ကုန်ကျစရိတ်သက်သာစေရန်နှင့် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆  ခုနှစ်  စပါးမျိုးစေ့ချ ကိရိယာ   (Drum  Seeder)ဖြင့်  စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၀၁)၊ ဦးပိုင်အမှတ် (၅၄/ ၃) ရှိ ဒေသခံတောင်သူ ဦးမြင့်အောင်၏ လယ်မြေ (၁.၀၀) ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တောင်သူပညာပေး မိုးစပါးစံပြကွက်ဧက (၁၀၀) စိုက်ကွင်းအား ကြည့်ရှုခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးသည် ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၌ စပါးစိုက်တောင်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး တောင်သူပညာပေး မိုးစပါးစံပြကွက် ဧက (၁၀၀) စိုက်ကွင်းအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံခဲ့ရာ ခရိုင်စိုက်ပျိုးရေးညှိနှိုင်မှုအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး