မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှုမရှိစေရေး အသိပညာပေးခြင်းနှင့် စစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းအချိန်က မြင်းခြံ-ရေဝန်းကားလမ်း ဘူတာရပ်ကွက်နှင့် မြစ်သားမြို့နယ်၊ သာလွန်ကျေးရွာအနီး ရန်ကုန်-မန္တ‌လေး လမ်းဟောင်းတစ်လျှောက်တို့တွင် ဆောင်ရွက်လျက်ရှိသည်။

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် လူငယ်စကားဝိုင်းဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယ‌နေ့မွန်းလွဲ ၁နာရီက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်း‌ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများ သုတရသစာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။

မိတ္ထီလာမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးဗီဒီယိုများပြသခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဆီဝယ်စာအုပ်တစ်အုပ် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် စားအုန်းဆီ (၆၇၂) ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများစားသုံးဆီ ဝယ်ယူသုံးစွဲရာတွင် အိမ်ထောင်စုတစ်စုလျင် ဆီဝယ်စာအုပ်(၁)အုပ်ပြုလုပ်ပေးထားပြီး ရပ်ကွက်/ ကျေးရွာများတွင် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းဝင် ဆီအရောင်း အဝယ်ဆိုင်များမှ ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်းနှင့် ဆီဝယ်စာအုပ်(၁)အုပ်လျှင် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် စားအုန်းဆီ(၆၇၂)ပိဿာ ရောင်းချပေးခဲ့ ကြောင်း သိရသည်။

မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ရောင်းချ‌ပေး​

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့မအနောက်ရပ်ကွက် မြစ်သားစည်ပင်သာယာဈေးအဝင်ပေါက်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာဈေးရောင်းချခြင်းကို ဇူလိုင်လ (၂) ရက်နေ့ နံနက် (၇) နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့တွင် အသက်(၂)နှစ်အောက်ကလေးငယ်(၆၅)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၁၅)ဦးအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးလုပ်ငန်းကို တံတားဦးမြို့ပေါ်ရှိ ရပ်ကွက်( ၁ ၊ ၂ ၊ ၃ )အုပ်အုစုများမှ ရပ်ကွက်များအတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ယနေ့နံနက်ပိုင်းက  အမှတ် (၁ ၊ ၂ ၊ ၃ )ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသီးသီးတွင် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အမရပူရမြို့နယ်တွင် သမဝါယမအသင်းသားများအား မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးစိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု၊ သာလှအေးကျေးရွာ၊ သာလှအေး (စိုက်/ထွေ) သမဝါယမအသင်းနှင့် အောင်မြင့်မြတ် (စိုက်/ထွေ) သမဝါယမအသင်း နှစ်သင်း၏ အသင်းသားတောင်သူ ၂၆ ဦးတို့စိုက်ဧက ၁၁၀ ဧကအတွက် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့် တန်ဖိုးကျပ် သိန်း ၂၂၀ နှင့်ညီမျှသော သွင်းအားစုများကို အမရပူရမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်လေးက သာလှအေးသမဝါယမအသင်းစုဥက္ကဋ္ဌ နေအိမ်၌ သြဂုတ်လ ၁ ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စနစ်တကျအမှိုက်စွန့်ပစ်ရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် အမှိုက်စနစ်တကျစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် မိုးစပါးများအောင်မြင်ရေးနှင့် အထွက်နှုန်းရာနှုန်းပြည့် စိုက်ပျိုးပြီးစီးရေး ကွင်းဆင်းဆောင်ရွက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးထားသော မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးစပါးများအောင်မြင်ရေးနှင့် အထွက်နှုန်းကောင်မွန်ရေးနှင့် ရာနှုပြည့်စိုက်ပျိုး ပြီးစီးရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပြင်ဦးလွင်မြို့နယ်တွင်  ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

ဥတုရာသီ  ဂေဟစနစ်ကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ပတ်၀န်းကျင်စိမ်းလန်းစိုပြည် သာယာစေရန်ရည်ရွယ်၍ Green Challenge Association မှ ဥက္ကဋ္ဌ ဦးအောင်မျိုးပိုင် ဦးဆောင်၍ Greenery Group(Pyin Oo Lwin)နှင့် မြန်မာစာပေယဥ်‌ကျေးမှု အသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်း တို့ပူးပေါင်းကာ ၂၀၂၅ ခုနှစ်မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်ဂနိုင်ရွာဦး‌ကျောင်း၊ ဓမ္မသဟာယ သာသနာ့စင်တာနှင့် ဒိုးပင်အောင်ကံသာ ပရဟိတကျောင်းတို့တွင် ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး