မန္တလေးတိုင်းဒေသကြီး

တောင်သာမြို့၌ စတော့အိတ်ချိန်းမှာ အရင်းအနှီးရှာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ဝီလျှံအောင်၏ စတော့အိတ်ချိန်းမှာအရင်းအနှီးရှာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။

မိတ္ထီလာမြို့နယ်၌ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လူငယ်စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို ဇွန် ၁၁ ရက် နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

ကျောက်ဆည်လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ပူးပေါင်း၍  ကျောင်းသား/ကျောင်းသူများကျောင်းစာအပြင် အသိပညာဗဟုသုတများ ပြည့်စုံစေရန် ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ကျင်းပသည်။

ငါန်းဇွန်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၁၀နာရီခွဲက ဆောင်ရွက်သည်။

မြစ်သားမြို့နယ်​လူထုအခြေပြုဗဟိုဌာနခန်းမ၌ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝ ဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန် ၁၁ ရက် မွန်းလွဲ(၁)နာရီက ကျင်းပသည်။

မြစ်သားမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ ပုံ‌တူပန်းချီဆွဲပြိုင်ပွဲနှင့် နံရံကပ်စာစောင်များပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပုံတူပန်းချီဆွဲ ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန် ၁၀ ရက် မွန်းလွဲပိုင်းအချိန်က အဆိုပါစာကြည့်တိုက်၌ ကျင်းပသည်။

တောင်သာမြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက်ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်တင်မြှောက်သွားမည်ဖြစ်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ် နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ပြန်လည်ဖွဲ့စည်းခြင်းကို ဇွန် ၁၀ ရက် နံနက်ပိုင်းမှ စတင် ဆောင်ရွက်သည်။

မဟာအောင်မြေမြို့နယ်၌ COVID-19 ကာကွယ်ဆေးထိုးနှံပေး

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ COVID-19 Vaccine COMIRNATY LP.8.1 ကာကွယ်ဆေးကို မဟာအောင်မြေမြို့နယ်အတွင်း စုရပ်များဖွဲ့၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

မြစ်သားမြို့နယ်၌ ဓာတ်မြေဩဇာစုပေါင်းရောင်းချပွဲ၊ မျိုးစေ့ပေးအပ်ပွဲနှင့်အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိ‌ရေး၊ စိုက်ဧကပြည့်မီရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဓာတ်မြေဩဇာစုပေါင်း ရောင်းချပွဲ၊ မျိုးစေ့ပေးအပ်ပွဲနှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိ‌ရေး၊ စိုက်ဧကပြည့်မီရေး အသိပညာပေးဆွေးနွေးပွဲကို  ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက ရစ်ကန်စိုက်ပျိုးရေးနည်းပညာပေးစခန်း၌ ပြုလုပ်သည်။

ကျောက်ဆည်-တံတားဦးကားလမ်းနှင့် ဆက်သွယ်ထားသော ညောင်ရွေ-ကြက်လျှာလမ်းအား အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်လမ်းများ ရာသီမရွေးသွားလာနိုင်ရေး စဉ်ဆက်မပြတ် ပြုပြင်ပေးလျက်ရှိရာ  ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-တံတားဦးကားလမ်းနှင့်ဆက်သွယ်ထားသော ညောင်ရွေ-ကြက်လျှာ ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး