ကျောက်ဆည်မြို့နယ် ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)၌ တောင်သူနည်းပညာပေး ကွင်းသရုပ်ပြ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၊ ဝါသီးနှံသုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးခြံ(လွန်ကျော်)၌ ဇွန် ၁၀ ရက် နံနက်ပိုင်းက တစ်ပြိုင်တည်းဝါကောက်သိမ်းနိုင်မည့်နည်းစနစ်များနှင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ် တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ကျင်းပသည်။