မန္တလေးတိုင်းဒေသကြီး

ဆေးတက္ကသိုလ်-မန္တလေး၏ (၅၃) ကြိမ်၊ (၅၄) ကြိမ်နှင့် (၅၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊‌ ဆေးတက္ကသိုလ် မန္တလေး၏ ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်း ၃၈ လမ်းရှိ ရတနာပုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်နိုင်တိုးစပါးအား Drum Seeder ဖြင့် မျိုးစေ့ချခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုကျေးရွာ၊ ကွင်းအမှတ် ၅၇၀-ခ တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရန်အတွက် အောင်နိုင်တိုးမျိုးစပါးကို Drum Seeder ဖြင့် မျိုးစေ့ချကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တောင်သူဦးအောင်မျိုးထွန်း၏ လယ်ဧက ၁.၂၀ ဧကတွင် ပြုလုပ်ခဲ့သည်။

အမရပူရမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူး၍ အမရပူရမြို့နယ် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ ၂ဝ၂၅ ခုနှစ် ထီလာမောင်ဖလား(အမျိုးသား)အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူးကျင်းပသော ၂ဝ၂၅ ခုနှစ် ထီလာမောင်ဖလား (အမျိုးသား)အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် ​မြို့နယ်စာရေးဆရာအသင်း၊ သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ

ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း၊ သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Center)အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ် (Community Centre) အစည်းအဝေးခန်းမတွင် မြို့နယ်စာရေးဆရာအသင်းနှင့်အတူ စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာ​ရေးဆရာအသင်းတို့ပူးပေါင်းကာ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ နှင့်အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဖွဲ့များ၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ မြို့နယ်အတွင်းရှိပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့်ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့်အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ဇေယျဝတီရပ်ကွက်ရှိ နေအိမ်များနှင့်အခြေခံကျောင်းများတွင် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား Online မှတစ်ဆင့်ဆက်သွယ်၍ ဆင်စာ ဘူဖေးကျွေးမှု အကြိမ်(၁၀၀၄)ကြိမ်ရှိလာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်း ကမ်းသာယာဆင်စခန်း၌ မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများ များပြားလာလျက်ရှိရာ ဆင်စာဘူဖေးကျွေးမှု အကြိမ်(၁၀၀၀)ကျော် ရှိလာပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ဆီဝယ်စာအုပ်တစ်အုပ် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် စားအုန်းဆီ(၂၂၀)ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြည်သူများစားသုံးဆီ ဝယ်ယူသုံးစွဲရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆီဝယ်စာအုပ်(၁)အုပ်ပြုလုပ်ပေးထားပြီး ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်းနှင့် ဆီဝယ်စာအုပ်(၁)အုပ်လျှင် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် စားအုန်းဆီ(၂၂၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင်း၌ ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများဆယ်ယူရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေး၊ မြို့တွင်း၌ ရေဆိုးရေညစ်များ ကိန်းဝပ်နေပြီး ခြင်ပေါက်ဖွားမှုမရှိစေရေး၊ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော ရောဂါများ မဖြစ်ပွားစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၄ ရက် ညနေ ၃ နာရီ အချိန်၌ ဘိုကလေး-ဖျာပုံကားလမ်းဖြစ်သည့် အမှတ်(၁၈)လမ်းမကြီးနှင့် ၎င်း ပတ်ဝန်းကျင် အမှတ်(၇)ရပ်ကွက် (၁၉) လမ်း၊ (၂၀)လမ်း၊ (၂၁)လမ်း တို့တွင် ရေမြောင်းတူးဖော်ခြင်း၊ မြောင်းအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး