မန္တလေးတိုင်းဒေသကြီး

မဟာအောင်မြေမြို့နယ်၊ RC(၄)ထပ်တိုက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးဆောင်ရွက်‌နေမှုအား တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ရေ၊လေ) ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် လာရောက်ကြည့်ရှုစစ်ဆေး

မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ အကွက် (၆၅၅)၊ ၃၈ လမ်း၊ ၇၈×၇၉ လမ်းကြားရှိ ဦးခင်မောင်ဝင်း၊ ပိုင်ဆိုင်သည့် RC (၄) ထပ်တိုက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးဆောင်ရွက်‌ နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး)၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ပညာ‌ရေးပေါင်းစပ်သင်တန်း‌ကျောင်းတို့  ပူးပေါင်းကျင်းပသော "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ" ကို ယနေ့နံနက် (၉:၃၀) နာရီက အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက်ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြည်သူများသို့ အခြေခံ စားသောက်ကုန်များများအား ယနေ့နံနက် ၇ နာရီက တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတောင်ဘက်လမ်းတွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက်  ရောင်းချပေးကြောင်း သိရသည်။

ဇော်ဂျီမြစ်ရေလျှံတက်မှုမှ ကာကွယ်ရန် ငပြောင်ရေလွှဲဆည်အထက်ပိုင်း မြောင်းဘောင်ဝဲ/ယာ၌ ရေတားနံရံကျောက်စီခြင်းနှင့် မြစ်အတွင်းပျက်စီးနေသည့် ကျောက်ဆလံများအားပြန်လည်ပြုပြင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြစ်ချောင်းများရေလျှံမှုမှကာကွယ်နိုင်ရေး၊ ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများ လုံလောက်စွာပေးဝေနိုင်ရေး၊ ဆည်များ၊ မြောင်းများအား ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဇော်ဂျီမြစ်ရေလျှံတက်မှုမှ ကာကွယ်ရန်အတွက် ငပြောင်ရေလွှဲဆည်အထက်ပိုင်း မြောင်းဘောင်ဝဲ/ယာများ၌ ရေတားနံရံကျောက်စီခြင်းနှင့် ဇော်ဂျီမြစ်အတွင်း ပျက်စီးနေသည့် ကျောက်ဆလံများအား  ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အားကစားသမားများကို တွေ့ဆုံအားပေး၍ ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းအား တွေ့ဆုံအားပေး ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားရုံးတွင် ကျင်းပခဲ့သည်။

တံတားဦးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းအစားများအား UID (Unique Identity) ကတ်များ ပြုလုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် UID(Unique Identity) ကတ်များကို   မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်း၍ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများ “ထောက်ပံ့လှူဒါန်းပွဲ" အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ (၄၉၆)တို့အား ကျောင်းသုံးစာရေးကိရိယာများ (ဒုတိယ)အကြိမ် “ထောက်ပံ့လှူဒါန်းပွဲ" အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.လ.ကခွဲ(၂)ကျောင်း၌ ကျင်းပခဲ့သည်။

အ.ထ.က(စဉ့်ကိုင်)၌  ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာ‌‌ပေးဟောပြောပွဲနှင့် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြော

ပျော်ဘွယ်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ဝီဖာမုန်တိုင်းတိုက်ခတ်မှုနှင့်ပတ်သက်၍ လိုအပ်လာပါက ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များနှင့် စုဖွဲ့ပြင်ဆင်ထားရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဝီဖာမုန်တိုင်းတိုက်ခတ်မှုနှင့်ပတ်သက်၍ လိုအပ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ  ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သည့် အရေးပေါ်ကူညီကယ်ဆယ်ရေးစုဖွဲ့မှုကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး