မန္တလေးတိုင်းဒေသကြီး

ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာန၌ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး အသင့်ဖွဲ့စည်းထား

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်ရေး အနေဖြင့် အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်နိုင်ရန် ဇူလိုင် ၂၃ ရက် မွန်းလွဲ ၃ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ လူအင်အား၊ စက်ပစ္စည်းများစွာဖြင့် အသင့်ပြင်ဆင် စုဖွဲ့ထားလျက်ရှိသည်။

ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ပုဂံဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မတီ (မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်) ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် သဘာ၀ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအားကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များသည် ယ​မန်နေ့မွန်းလွဲပိုင်းကမြို့နယ်မီးသတ်စခန်းတွင် ဝီဖာမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်မှုများ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ကြိုတင် ပြင်ဆင်‌ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လေးဆယ်ကုန်းကျေးရွာ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီ(၁၁၀)ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများ အခြေခံစားသောက်ကုန်ဖြစ်သည့် စားသုံးဆီအခက်အခဲမရှိရေး ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လေးဆယ်ကုန်းကျေးရွာ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီ(၁၁၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID)ကဒ်များ နေ့ချင်းပြီး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ (၇၈)လမ်း (ရန်မန်းလမ်းဟောင်း)နှင့် တံခွန်တိုင်ဝိုင်းအနီးရှိ မျိုးသိမ်းဓမ္မာရုံတွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ယနေ့နံနက် ၉ နာရီခွဲက Biometric (UID)ကဒ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ငလျင်ဘေးအန္တရာယ်ဆိုင်ရာလက်တွေ့ဇာတ်တိုက် လေ့ကျင့်သရုပ်ပြသခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကကြီးမှူး၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်တွေ့ဇာတ်တိုက်၊ လေ့ကျင့်သရုပ်ပြသခြင်း အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း (မန္တလေး)၌ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း (မန္တလေး)၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာမွန်ဦးနှင့်ဝန်ထမ်းများ၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်သူဇာအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးပြည်သူ့ဦးစီးဌာနမှူး ဒေါက်တာ သန့်ဇင်လင်းနှင့် ကျန်းမာရေးဆရာမများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေကိုကိုပိုင်နှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ကျောင်းသူများစုစုပေါင်း ၃၅၀ ဦး ပါဝင်ပူးပေါင်းဆောင်ရွက်ကြသည်။

ကျောက်ဆည်မြို့နယ်တွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ငရုပ်သီးနှံ(၅၂၅၅၂)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ တိုက်နယ်(၆)တွင် (၄၃၈၈)ဧကစိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ တိုက်နယ်(၁၂)ခုရှိပြီး ဒေသတွင်း စိုက်ပျိုးသီးနှံများဖူလုံပိုလျှံရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တောင်သူများနှင့်ပူးပေါင်း၍ လျာထား စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ခုနှစ်တွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ ငရုပ်သီးနှံ(၄၉၀၈၃)ဧက လျာထားပြီး တိုက်နယ်(၆)တွင် (၄၃၈၈)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က(၃၂)တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်း-၁ တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက လူငယ်ရေးရာ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၃၂) တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က (၃၂) ကျောင်း ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က လူငယ်ရေးရာဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က(၃၂)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က (၃၂)ကျောင်းခန်းမ၌ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး