မန္တလေးတိုင်းဒေသကြီး

မလှိုင်မြို့နယ်တွင် အောင်နိုင်တိုး အထွက်နှုန်းကောင်းစပါးမျိုးသစ်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ကံကြီးအုပ်စု၊ မျက်သီးကျင်းကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီက အောင်နိုင်တိုး အထွက်နှုန်းကောင်းစပါးမျိုးသစ်ကို တောင်သူ ဦးမျိုးအောင်နှင့် တောင်သူဦးအောင်ဌေးတို့၏ လယ်မြေတွင် သရုပ်ပြစိုက်ပျိုးခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ  စုပေါင်း၍ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီလှူဒါန်းပွဲ ကျင်းပ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီလှူဒါန်းပွဲကို စိတ္တပါလဂူကျောင်းစာသင်တိုက် သာသနာ့ဗိမာန်တော်၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

မြစ်သားမြို့နယ် အခြေခံပညာ‌မူလတန်းကျောင်းများတွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေး‌ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

 မန္တလေးတိုင်းဒသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာ ပေးဟာ‌ပြောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းအချိန်က ကျီတော်ကုန်းအ‌ခြေခံပညာမူလတန်းလွန်ကျောင်းနှင့်‌‌ ပေတောပရဟိတ အခြေခံပညာမူလတန်းကျောင်းတို့တွင် စစ်‌ဆေးဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အငြိမ်းစားပင်စင်စားများအား Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို မြန်မာ့စီးပွားရေးဘဏ် (ပုသိမ်ကြီး) ၌ သွားရောက်ပြုလုပ်ပေး

မန္တလေးမြို့ပေါ်ရှိ မြို့နယ်အသီးသီးမှ အငြိမ်းစားပင်စင်စားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီခွဲက ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ် (ပုသိမ်ကြီး) ၌  ပြုလုပ်ပေးခဲ့သည်။ 

မြစ်သားမြို့နယ်တွင် (၁၀) တန်းသွား မျိုးစေ့ချစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့  အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန် ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ (၁၀) တန်းသွား မျိုးစေ့ချစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က မြစ်သားမြို့နယ် သပြေတောင်းကျေးရွာအုပ်စု၊ ခတက္ကုန်း‌ကျေးရွာ ကွင်းအမှတ် (၅၃၃)၊ ဦးပိုင်အမှတ် (င) (၃၄)ရှိ  ဒေသခံတောင်သူ   ဦးဌေးကြိုင်၏ လယ်မြေ (၆) ဧကတွင် ဧရာပဒေသာစပါးမျိုး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်း ကျောက်ချောလမ်းများ ခင်းကျင်းဆောင်ရွက်ပေးနေမှုများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်မှုများ အဆင်ပြေစေရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ချောလမ်းများ ခင်းကျင်းပေးလျက်ရှိရာ ဆောင်ရွက်လျက်ရှိသောလမ်းများအား ယမန်နေ့က မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်အတွင်း ရန်ကုန်-မန္တလေး မီးရထားလမ်းဘေးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း ရန်ကုန်-မန္တလေး မီးရထားလမ်းဘေးတစ်လျှောက် စဉ်ဆက်မပြတ်သန့်ရှင်း‌သပ်ရပ်နေစေရန်အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်‌နေမှုအခြေအနေများကို ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UIDကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူ ဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များကို နေ့ချင်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦး စီးမှူးရုံး ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် ငလျင်ဘေးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ပြည်သူများ ငလျင်ဘေးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီက ဘောဂဝတီရပ်ကွက် ရွှေကျွန်းမြေဓမ္မာရုံတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID)ကတ်ဆောင်ရွက် ပေးမှု ၁၃၀၀ ဦးကျော် ဆောင်ရွက်ပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌(အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအား Biometric (UID)ကဒ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၁၃၀၀ ဦး  Biometric (UID)ကတ်များ ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး