ငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမား ၁၅၁၁ ဦးအတွက် မိသားစုထောက်ပံ့မှုအကျိုးစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် အလုပ်တွင်ထိခိုက်သေဆုံးခဲ့သည့် အာမခံအလုပ်သမား ၁၀ ဦးတို့အတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ထုတ်ပေးသည့်အခမ်းအနားကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များမှ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ ငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့အကျိုးစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးသည့်အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။