မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်များ ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်များပြသခြင်းကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်အတွင်း အရိပ်ရပန်းအလှပင်များ စုပေါင်းစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ဝန်ဇင်းကန်ပေါင် မိတ္ထီလာမြောက်ကန်နှင့် မိတ္ထီလာ-မြင်းခြံ ကားလမ်းမအနီး အရိပ်ရပန်းအလှပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိတ္ထီလာမြို့ကုန်သည်ပွဲစားစက်ပိုင်ကထိန်တော်အသင်း နှင့် ဒေသခံပြည်သူများက ယနေ့နံနက် ၈ နာရီက ဆောင်ရွက်သည်။

သစ်သီးဝလံများစိုက်ပျိုးထုတ်လုပ်သည်မှ ရိတ်သိမ်းခူးဆွတ်တင်ပို့ရောင်းချသည်အထိ တောင်သူအသိပညာပေးသင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ထုံးဘို-ရိတ်သိမ်း ချိန်လွန်နည်းပညာသင်တန်းကျောင်း၌ ဇူလိုင်၂၂ရက် နံနက် ၉ နာရီက သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်သည်မှရိတ်သိမ်းခူးဆွတ် တင်ပို့ရောင်းချသည်အထိ တောင်သူအသိပညာပေး သုံးရက်သင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ အောင်မြေသာဇံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

ရမည်းသင်းမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား Unique Identity ကတ်များ ပြုလုပ်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်နှင့် ဝန်ထမ်းများက  ရမည်းသင်းမြို့ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူ ဖြစ်စေရေးအတွက်  UID (Unique Identity) ကတ်များကို ဇူလိုင် ၂၁ရက်မှစ၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ဝမ်းတွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း-သဲတောတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား  Unique Identity  များဆောင်ရွက်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID(Unique Identity) ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့်မြန်မာ့စီးပွားရေးဘဏ်တို့ပူးပေါင်းပြီး ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် သပြေသာ-ပင်တလည်-ပတ္တာ ကျေးရွာချင်းဆက်လမ်းအား ကျောက်ရောမြေခင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များနှင့် ထုတ်ကုန်လုပ်ငန်းများ အချိန်တိုအတွင်းကုန်ကျစရိတ်သက်သာစွာဖြင့်သယ်ယူနိုင်ပြီးစေရန်အတွက် လမ်းတံတားများကို ရာသီမရွေးသွားလာနိုင်ရေး နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ် သပြေသာ-ပင်တလည်-ပတ္တာ ကျေးရွာ ချင်းဆက်လမ်းအား ကျောက်ရောမြေလမ်းအဖြစ် အဆင့်မြှင့်တင်ပေးလျက်ရှိကြောင်းသိရသည်။

မြင်းခြံမြို့ အထက-ခွဲ(အလင်းရောင်)ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက-ခွဲ(အလင်းရောင်)ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၂၂ ရက်မွန်းလွဲပိုင်းက ပြုလုပ်ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအးနွဲ့က ကျောင်းသားကျောင်းသူများအား ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။

စဉ့်ကိုင်မြို့နယ် မုန့်ပေါင်း-‌ ဇော်ဂျီ-ကံကြီး- ရွာသစ်ကျေးရွာချင်းဆက်လမ်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  မုန့်ပေါင်း-‌ ဇော်ဂျီ-ကံကြီး- ရွာသစ်ကျေးရွာချင်းဆက် လမ်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။

တံတားဦးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်းပြီး အမှတ်(၃)ရပ်ကွက် မကျီးတောအခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အခြားထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်ပြီး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့မွန်းလွဲ(၂)နာရီက အဆိုပါ ကျောင်းတွင် ကျင်းပကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး