မန္တလေးတိုင်းဒေသကြီး

ဝမ်းတွင်းမြို့နယ်၌ တရားမဝင်ဓာတ်အားသုံးစွဲမှု ပပျောက်ရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ တရားမဝင်ဓာတ်အားသုံးစွဲမှု ပပျောက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

စက်မှုလယ်ယာစနစ်ကူးပြောင်းပြီး မိုးစပါးများကို ကိုဘိုတာ(၆)တန်းသွားကောက်စိုက်စက်၊ လက်စွဲကောက်စိုက်များအသုံးပြု၍ စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါးသီးနှံများစိုက်ပျိုးရာ၌ စက်မှုလယ်ယာစနစ်ကူးပြောင်း၍ စပါးသီးနှံများစိုက်ပျိုးခြင်းဖြင့် လုပ်သားအင်အား ရှားပါးမှုပြဿနာဖြေရှင်းနိုင်ခြင်း၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို စိုက်ပျိုးနိုင်ခြင်း၊ ကောက်ကွက်ပြည့်မီပြီး ပန်းတိုင်အထွက်နှုန်းရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရနိုင်သည့်အတွက် ကောက်စိုက်စက်များအသုံးပြု၍ ပြောင်းလဲစိုက်ပျိုးလျက်ရှိကြောင်းနှင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ လက်ပံကျေးရွာ အုပ်စု ကွင်းအမှတ်(၁၁၅-ခ၊ ဦးပိုင်အမှတ် ၁၃၇/၁၃၈) တောင်သူဦးသိန်းဇော်ဌေး၏ လယ်မြေ(၃)ဧကတွင် ကိုဘိုတာ(၆)တန်းသွားကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်တို့ကို အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား UID ကတ်များ နေ့ချင်းပြီးကွင်းဆင်းရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရုံး၌ ယနေ့နံနက်  ၇ နာရီခွဲအချိန်က နိုင်ငံဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များကိုနေ့ချင်းပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှမ်းကလေးကျွန်းကျေးရွာ ရွာအဝင်ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာအဝင် ကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့၊ အခြေခံပညာအထက်တန်း‎ကျောင်း (မြို့မ)၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ရမည်းသင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ ယမန်နေ့မွန်းလွဲ ၁ နာရီက လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာကျောင်းအုပ် ဆရာကြီး ဦးအောင်အောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။

ရမည်းသင်းမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရမည်းသင်းခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ ခရိုင်လျှပ်စစ်မန်နေဂျာနှင့်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့က လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အ-ထ-က (မြို့မ)ကျောင်း၌ ကျင်းပခဲ့သည်။

ရမည်းသင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်

ရမည်းသင်းခရိုင်  ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အ-ထ-က (မြို့မ)ကျောင်း၌ ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌ပြီး ဝါကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌စေရန်နှင့် အသင်းသား‌တောင်သူတစ်ဦးချင်း ဝင်‌ငွေတိုးပွား‌စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင်‌ငွေနှင့် မြို့နယ်သမဝါယမအသင်းစုပိုင်ငွေတို့ဖြင့် စိုက်ပျိုးထားသည့် မြိုင်ကုန်း‌ကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကျော်ခိုင်ဦး၊ အသင်းသားတောင်သူ ဦးထွန်းငွေနှင့် အသင်းသားတောင်သူ ဦးရွှေမန်းတို့ စိုက်ပျိုးထားသည့် Rakka 999 ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများ‌ အောင်မြင်ဖြစ်ထွန်းပြီး ဝါကောက်ယူနေမှုများကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် စာပေကဏ္ဍမြင့်မားတိုးတက်ရေး မြို့နယ်စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်  စာပေကဏ္ဍမြင့်မားတိုးတက်ရေး ယနေ့နံနက် (၁၀) နာရီက စာပေကဏ္ဍမြင့်မားတိုးတက်ရေး မြို့နယ်စာရေးဆရာအသင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် မိုးစပါးမျိုးကွဲများအလိုက် (၅၂၈၁၇) ဧက လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးများကို ရေသောက်နည်းလမ်းများဖြင့် စပါးမျိုးကွဲများအလိုက် (၅၂၈၁၇) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး