မန္တလေးတိုင်းဒေသကြီး

၂၀၂၆ ခုနှစ် မိုးစပါးမျိုးကွဲများအလိုက် (၅၂၈၁၇) ဧက လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးများကို ရေသောက်နည်းလမ်းများဖြင့် စပါးမျိုးကွဲများအလိုက် (၅၂၈၁၇) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၁×၇၂ လမ်းကြား၌ ဇူလိုင် ၁၉ ရက်နေ့ ည ၇ နာရီ ၅၃ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများ ပြီးမြောက်မှုအခြေအနေတို့အား ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပြင်ဉီးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

၂၀၂၅ခုနှစ်၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအသင်းပေါင်းစုံ (အမျိုးသား) အသက် (၂၅) နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ ညနေ (၃) နာရီက ပြင်ဦးလွင်ခရိုင် အားကစားကွင်းအတွင်းရှိ အားကစားခန်းမ (၁) ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အားကစားမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့်‌ ဖူဆယ်ဘောလုံးဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

ပျော်ဘွယ်မြို့နယ်တွင် (၇၈)နှစ်မြောက်အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် အလေးပြုခြင်းနှင့်ဥဩဆွဲခြင်းများ ပြုလုပ်

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား တိုင်တစ်ဝက်လွှင့်ထူအလေးပြုခြင်း၊ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအထိမ်းအမှတ် ဥဩဆွဲခြင်းတို့ကို ယနေ့နံနက် (၁၀) နာရီ (၃၇) မိနစ်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ကျင်းပခဲ့သည်။

သာစည်မြို့ ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာ‌ပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် (၁၄)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲအောင် သံဃာတော်များအား ဆုပေးပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၁၄)ကြိမ်မြောက် ၂၀၂၅ ခုနှစ် ပါဠိပထပြန်စာမေးပွဲအောင်သံဃာတော်များအား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ရွှေကွမ်းတောင်ဘုရားဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။        

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် နောင်ချိုမြို့နယ်တွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား ရိက္ခာပစ္စည်းများနှင့် ဆိုလာမီးအိမ်များ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စွမ်းစွမ်းတမံတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နေရပ်စွန့်ခွာပြည်သူများအား ရိက္ခာပစ္စည်းများနှင့် ဆိုလာမီးအိမ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်  ၂၀၂၅ ခုနှစ်  မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားများသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်  မိုးရာသီသစ်ပင် စိုက်ပျိုးခြင်း အခမ်းအနားများသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် ဆုချီးမြှင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) တွင် ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး