မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီး အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ၏ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၅) ၏ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သာစည်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးကဏ္ဍဖြင့် တောင်သူများအား ချေးငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးကဏ္ဍဖြင့် တောင်သူများအား ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် အနီးစခန်းအခြေခံပညာအထက်တန်းကျောင်းတွင်  (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့‌ နံနက်(၉)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အနီးစခန်း အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ကိုဘိုတာ (၆)တန်းသွားကောက်စိုက်စက်နှင့်လက်စွဲကောက်စိုက်များအသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာသုံးစက်ကိရိယာများကို အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှစက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှုပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တို အတွင်း စိုက်ဧကများစွာကို စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကိုရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ ကိုဘိုတာ(၆)တန်းသွား လက်စွဲကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်များကို အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လက်ပံကျေးရွာအုပ်စု ကွင်းအမှတ် (၁၁၅-ခ၊ ဦးပိုင်အမှတ် ၁၃၇/၁၃၈) တောင်သူ ဦးသိန်းဇော်ဌေး၏ လယ်မြေ(၃)ဧကတွင် သရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့်တာဝန်ရှိသူများ မိတ္ထီလာ-သာစည်လမ်းမှ ဂုံကုန်းကျေးရွာ ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ (ပေ ၈၀)ကွန်ကရစ်တံတား (ဒုတိယပိုင်း)တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာ-သာစည်လမ်းမှ ဂုံကုန်းကျေးရွာသို့ ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ (ပေ ၈၀) ကွန်ကရစ်တံတား(ဒုတိယပိုင်း) တည်ဆောက်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ဇူလိုင်လ ၁၈  ရက်နေ့နံနက်ကကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရသည်။

ညောင်ဦးမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့ကျစေရေးကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ ဝင်ငွေတိုးတက်စေရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို  ဇူလိုင် ၁၈ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ညောင်ဦးမြို့ပေါ်ရပ်ကွက်/ ကျေးရွာများအတွင်း သို့တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

မြစ်သားမြို့နယ်တွင်(၁၄) ကြိမ်မြောက် ပါဠိပထမပြန် စာမေးပွဲအောင်သံဃာတော်များအား ဆုပေးပွဲအခမ်းအနားကျင်းပ

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင်(၁၄)ကြိမ်မြောက် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲအောင် သံဃာတော်များအား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ရွှေကွမ်းတောင်ဘုရားဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။        

ပုသိမ်ကြီးမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများကျင်းပခြင်းကို ယနေ့ နေ့လယ် ၁၂ နာရီက (Community Centre) ပံသုကျီခန်းမ၌ ကျင်းပသည်။

စဉ့်ကိုင်မြို့နယ်လူထုအ‌ခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ-မ-က(ကသဲစု)တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်ဓါတ်ပုံမှတ်တမ်းပြပွဲတို့ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် (ဂ)ရပ်ကွက် ဘုန်းတော်ကြီးကျောင်း-၁တွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်း-၁တွင် ယနေ့မွန်းလွဲ(၁)နာရီက လူငယ်ရေးရာ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပဆောင်ရွက်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး