မန္တလေးတိုင်းဒေသကြီး

ချမ်းမြသာစည်မြို့နယ်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဒဏ်ကြောင့် လုံးဝပျက်စီးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်များအား ပြုပြင်နိုင်ရန် ငွေနှင့် အိမ်ဆောက်ပစ္စည်း(ဘိလပ်မြေ၊ သွပ်၊ သံ၊ သစ်)များပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မိတ္ထီလာခရိုင်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန  ၂၃ ခုတွင် ကျောင်းသားကျောင်းသူ ၁၀၁၁၉ ဦး ဝင်ရောက်ဖြေဆိုမည်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၌ ၂၀၂၆ခုနှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ၂၃ ခုတွင် ကျောင်းသားကျောင်းသူ ၁၀၁၁၉ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

မဟာအောင်မြေမြို့နယ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုစစ်ဆေး

‎မန္တလေးတိုင်းဒေသကြီးဝန်ကြီးချူပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်​ကြီးများနှင့်အဖွဲ့ဝင်များသည် မဟာအောင်မြေမြို့နယ်၌၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးသည်။

ကျောက်ဆည််မြို့နယ်၌ မင်းရဲ၊ သင်းတွဲ၊ နွားတက်မြောင်းရေများဖြင့် ကျေးရွာအုပ်စု ၁၂ အုပ်စု၌ နွေနှမ်းနှင့် နွေစပါး ၆၀၀၀ ဧကကျော် လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ဆည်ရေဖြင့်ဒေသန္တရစီမံကိန်းလျာထားချက်ရေးဆွဲ၍ နွေသီးနှံမျိုးစုံ ၅၂၇၁၅ ဧက စိုက်ပျိုးသွားမည်ကြောင်း သိရှိရပြီး ယခုချိန်၌ မင်းရဲ၊ သင်းတွဲ၊ နွားတက်မြောင်းရေများဖြင့် ကျေးရွာအုပ်စု ၁၂ အုပ်စု၌ နွေနှမ်းနှင့် နွေစပါး ၆၀၀၀ ဧကကျော် လျာထားကာ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် Soft Skill သင်တန်း ဖွင့်လှစ်

နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် Soft Skill သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့‌နံနက်၉နာရီက ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်း‌ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

တောင်သာမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများ  ကြိုတင်ပြင်ဆင်ထားရှိ

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန် စာစစ်ဌာနများအား မတ် ၉ ရက်က မြို့နယ်မှတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ရောင်း‌ချ‌

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ စည်ပင်သာယာဈေးအဝင်ပေါက်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာဈေးရောင်းချခြင်းကို မတ် ၉ ရက် နံနက် ၇ နာရီက ရောင်းချပေးသည်။

ညောင်ဦးမြို့ ရုပ်စုံကျောင်းတိုက်ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ ဣန္ဒဝံသမဟာထေရ်မြတ် ယာယီစံကျောင်းသို့ပင့်ဆောင်သည့် အန္တိမအဂ္ဂိဈာပနကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ အမှတ်(၂)ရပ်ကွက်၊ရုပ်စုံကျောင်းတိုက်ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ ဣန္ဒဝံသမဟာထေရ်မြတ် ယာယီစံကျောင်းသို့ပင့်ဆောင်သည့် အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ရုပ်စုံကျောင်းတိုက်ဝန်းအတွင်း မတ် ၉ ရက် နံနက် ၉ နာရီက ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များအတွက် နွေရာသီအားကစားသင်တန်းများကို သတ်မှတ်နေရာများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မတ် ၉ ရက် နံနက် ၇ နာရီက မှန်နန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ Fitness dance သင်တန်းကို ဆက်လက်သင်ကြားသည်။

ညောင်ဦးခရိုင်လူထူအခြေပြုဗဟိုဌာန၌နွေရာသီအခြေခံအင်္ဂလိပ်စာ၊ပန်းချီ၊စစ်တုရင်သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိက်ရက် ကျောင်းသားကျောင်းသူများအချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာ၊ ပန်းချီသင်တန်း၊စစ်တုရင်သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် ၉ ရက် နံနက် ၉ နာရီခွဲအချိန်ကကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး