ညောင်ဦးမြို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းကြောင့် ရေဘေးရှောင်စခန်းများသို့ ပြောင်းရွေ့နိုင်ရေးနှင့်ပြောင်းရွှေ့နေထိုင်ကြသူများ အဆင်ပြေချောမွေ့စေရေး ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။