မန္တလေးတိုင်းဒေသကြီး

မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ပြန်လည်ပြုပြင်မွမ်းမံရန် သီတဂူဗုဒ္ဓတက္ကသိုလ်မှ အလှူငွေလှူဒါန်းခြင်းအခမ်းအနား ကျင်းပ

မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ပြန်လည်ပြုပြင်မွမ်းမံရန် သီတဂူဗုဒ္ဓတက္ကသိုလ်မှ အလှူငွေလှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွှဲပိုင်းက (သီရိရွှေစင်) ကျောင်းအောက်ထပ်၌ ကျင်းပခဲ့သည်။

ပြင်ဦးလွင်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဒုတိယအကြိမ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီက မြေတိုင်း‌ကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။ 

ပျော်ဘွယ်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ်သင့်ပြည်သူများအတွက် ဆန်ပေးအပ်ပွဲကျင်းပ

မန္တလေးမြေငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျော်ဘွယ်မြို့နယ်အတွင်း ဘေးအန္တရာယ်ကျရောက်ခဲ့ရသည့်ပြည်သူများအား ဆန်များပေးအပ်ပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

 မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးးကုသဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရှမ်းပွဲရပ်ကွက်အတွင်းရှိ ပြည်သူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများကဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့)နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ(၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က ကုသပေးခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် ပန်းခင်းအဆင့် (၃) စီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးအနေဖြင့် ပန်းခင်းအဆင့် (၃) စီမံချက်အနေဖြင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က ပုသိမ်ကြီး၌ ဆောင်ရွက်ပေးခဲ့သည်။

မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင်   ၂၀၂၅-၂၀၂၆  ခုနှစ်၊ မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စား ယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းစုပိုင်ငွေဖြင့် စိုက်ပျိုးထားသည့် လွန်ကျော်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း အသင်းသားတောင်သူ ဦးသိန်းဝင်း၏ စိုက်ခင်းနှင့် ပေတောစိုက်ပျိုးရေးနှင့် အ ထွေထွေလုပ်ငန်းသမဝါယမအသင်း အသင်းသားတောင်သူ ဦးစိန်လွင်၊ အသင်းသားတောင်သူ ဦးလှထွန်းတို့၏ Rakka 999 ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများကို ဇူလိုင်လ(၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ပညာရေးမှူးရုံးသစ် အန္တရာယ်ကင်းတရားနာနှင့် (၂၅) ကြိမ်မြောက် ပညာရေးမိသားစုမှ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပညာရေးမှူးရုံး၌ မြို့နယ်ပညာရေးမှူးရုံးသစ် အန္တရာယ်ကင်းတရားနာနှင့် (၂၅)ကြိမ်မြောက် ပညာရေးမိသားစုမှ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် ပျော်ဘွယ်မြို့နယ်တွင် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

အပူပိုင်းဒေသ(၁၃)ခရိုင်အတွင်း တစ်ခုအပါအဝင်ဖြစ်သည့် ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်(၇)နာရီက ညောင်ရွှေကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၈၈/၂)အနီးတွင် ကျင်းပရာ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး၊ ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ် သစ်တောဦးစီးဌာနနှင့် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့၏အစီအစဉ်ဖြင့် ယမန်နေ့နံနက် (၇) နာရီက တံငါ့ကန်ကျေးရွာအုပ်စု ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် ၄/၀ အနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် အငြိမ်းစားပင်စင်ယူသွားသည့် ဝန်ထမ်းများအား မိသားစုပင်စင်ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်း(၃)ဦးအား (၁၀၁) ကြိမ်မြောက် မိသားစုပင်စင်ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြစ်သားမြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး