မန္တလေးတိုင်းဒေသကြီး

မြင်းခြံတက္ကသိုလ်၌ ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ မြင်းခြံတက္ကသိုလ်၌ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇) နာရီအချိန်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် သုတ/ ရသစုံလင်သည့် စာအုပ်၊ စာစောင်များအား (အခမဲ့) ငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်နှင့် ဝန်ထမ်းများက မြတ်စေတနာကိုယ်ပိုင်အထက်တန်း‌ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် သုတ/ရသ စုံလင်သည့် စာအုပ်၊ စာစောင်များ(အခမဲ့) ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် ပျော်ဘွယ်မြို့နယ်တွင် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

အပူပိုင်းဒေသ (၁၃) ခရိုင်အတွင်း တစ်ခုအပါအဝင်ဖြစ်သည့် ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် စိမ်းလန်း စိုပြည်ရေးအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုး ပွဲတော်ကို ဇူလိုင်လ (၁၁) ရက်၊ နံနက် (၇) နာရီက ညောင်ရွှေကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၂၈၈/၂) အနီးတွင် ကျင်းပရာ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇော်မျိုးထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်စိုက်ပျိုးပေးကြသည်။

စဉ့်ကိုင်မြို့နယ်၌ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သစ်တောဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူပေါင်း၍  သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ဒေသတွင်းအပူချိန် လျော့ကျလာစေရန်၊ ဂေဟစနစ်တည်ငြိမ်လာစေရန်၊ ပြည်သူများသစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင်များအား ချစ်ခင်တန်ဖိုးထားတက်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန် ရည်ရွယ်ကာ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်၊ မိုးရာသီလူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို စဉ့်ကိုင်မြို့နယ်၊ ရှမ်းကန်ကျေးရွာအုပ်စု၊ ရှမ်းကန်ကျေးရွာရှိ နည်းပညာ၊ သက်မွေးပညာနှင့် ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ကျောင်းဝန်းအတွင်း၌ ဇူလိူင်လ ၁၁ ရက် နံနက် ၇ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစာင်ပြပွဲနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ (၂) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာပြီး စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်ကာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက တောင်လွှဲကျေးရွာရှိ “မြင့်မိုရ်ရွှေတောင်” စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာစည်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို ယနေ့နံနက် (၈) နာရီက ကြာဘက်ကုန်းကျေးရွာအုပ်စု၊ ကြာဘက်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြေရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှု အသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်၌ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြေရေး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှု အသွင်ဖြင့် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ရွှေဒါးကျေးရွာ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း) ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းဘေးတွင်  အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး   လူထုလှုပ်ရှားမှု အသွင်ပြင်ဖြင့် သစ်ပင်စိုက်ပျိုး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်း၍ အပူပိုင်းဒေသ(၁၃)ခရိုင် သစ်ပင် စိုက်ပျိုးပွဲကို  ဇူလိုင် ၁၁ ရက်  ယနေ့ နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်း မိုင်တိုင် ၂၆/၆တွင် ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အမှာစကားပြောကြားသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး