မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းဘေးတွင်  အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး   လူထုလှုပ်ရှားမှု အသွင်ပြင်ဖြင့် သစ်ပင်စိုက်ပျိုး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်း၍ အပူပိုင်းဒေသ(၁၃)ခရိုင် သစ်ပင် စိုက်ပျိုးပွဲကို  ဇူလိုင် ၁၁ ရက်  ယနေ့ နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်း မိုင်တိုင် ၂၆/၆တွင် ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အမှာစကားပြောကြားသည်။

သာစည်မြို့နယ်တွင် အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို  ယနေ့ နံနက် ၇ နာရီက မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး မိုင်တိုင် ၁၇/၆ မှ ၁၈/၀ အထိ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက မြေတိုင်း‌ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများတက်ရောက်ကြကြောင်း သိရသည်။ 

ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ်  လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုး 

မန္တလေးတိုင်းဒသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ် အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် လူထုလှုပ်ရှားမှုအသွင်ဖြင့် ယနေ့နံနက်ပိုင်းက အစိုးရနည်းပညာ အထက်တန်းကျောင်း ရှမ်းရွာကြီးကျေးရွာတွင် ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်သည်။

ကျောက်ပန်းတောင်းမြို့တွင်အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ခုနှစ်မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့်သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ် သစ်တောဦးစီးဌာန နှင့်အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့၏ အစီအစဉ်ဖြင့် ယနေ့ နံနက်၇ နာရီက တံငါ့ကန်ကျေးရွာအုပ်စု ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင် အမှတ်၄/၀အနီးတွင် ပြုလုပ်သည်။

မတ္တရာမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်၊ ထီးတော်မိုးကျေးရွာအုပ်စု၊ စသစ (၂) ၌ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လပထမလပတ် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရမည်းသင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရမည်းသင်းမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက သင်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မဟာအောင်​မြေမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်​မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Cmmunity Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များ MyRo တွင် ဆန်/စပါးမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online MyRo) တွင် ဆန်စက်များ MyRo တွင် ဆန်စပါးမှတ်ပုံတင်နိုင်ရေး ယမန်နေ့က ဝမ်းတွင်းမြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး