မန္တလေးတိုင်းဒေသကြီး

၂၀၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား  မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပ  

၂၀၂၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ဇူလိုင်လ (၉) ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဌာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြသည်။

မြစ်သားမြို့နယ်တွင် ပိုးလောက်လန်းအန္တရာယ် ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုတ်ကွေးရောဂါနှင့် ၀မ်းပျက်ဝမ်လျှော ရောဂါများအား ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အဘိတ်ဆေးခတ်ခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းအချိန်က  ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Bacque အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr.Arnaud de Baecque အား ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ချမ်းမြသာစည်မြို့နယ် အမှတ်(၃၆)အ.ထ.က၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်၌ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်

ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀နာရီက ပုသိမ်ကြီးမြို့နယ်ရှိ နန္ဒာခေတ်မီစံပြကျေးရွာ၌ ကျင်းပသည်။

မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ စွန့်ပစ်အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှု သရုပ်ပြပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စွန့်ပစ်အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှုသရုပ် ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးတက္ကသိုလ်၌ သင်္ချာပါမောက္ခဒေါက်တာ ခင်မောင်ဆွေ (တက္ကသိုလ်မောင်သင်္ချာ) ရေးသားထုတ်ဝေသည့် သင်္ချာပညာရပ်ဆိုင်ရာ (သုတ၊ရသ) စာအုပ်များ လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မန္တလေးတက္ကသိုလ်၌ မြန်မာနိုင်ငံ ဝိဇ္ဇာ/သိပ္ပံပညာရှင် အဖွဲ့ဝင်ဖြစ်သည့် သင်္ချာပါမောက္ခ ဒေါက်တာ ခင်မောင်ဆွေ (တက္ကသိုလ် မောင်သင်္ချာ) ရေးသားထုတ်ဝေသည့် သင်္ချာပညာ ရပ်ဆိုင်ရာ (သုတ၊ရသ) စာအုပ်များ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မန္တလေးတက္ကသိုလ် (URC)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ၁၄၆၆ ဧကစိုက်ပျိုးထုတ်လုပ်သွားမည်

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါးမျိုးစေ့ထုတ်ဧက ၁၄၆၆ ဧကစိုက်ပျိုး၍ မျိုးစေ့ထုတ်လုပ် သွားမည်ဖြစ်သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာ၊ ကွင်းအမှတ်-၁၁၆၇ ရှိ ကရင်ပြည်နယ်မျိုးစေ့ထုတ်အသင်း၏ ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းအား သွားရောက်ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာန(ခွဲ)မှ တောင်သူများအား မြေဆီဩဇာတိုးတက်ကောင်းမွန်စေသော အီးအမ်ဘိုကာရှီ သဘာဝမြေဆွေး ပြုလုပ်သုံးစွဲပုံအဆင့်ဆင့်ကို လက်တွေ့ပြုလုပ်ပြသရာ ကော့သင်းရှူး၊ ကော့မားကယ်၊ နောင်လုံအနောက်၊ လှိုင်ကားကျေးရွာများမှတောင်သူများ  လေ့လာခဲ့ကြပြီး     သဘာဝမြေဆွေးပြုလုပ်ရာတွင်လိုအပ်သော အီးအမ်ရည်များကို  အခမဲ့ဖြန့်ဝေပေးအပ်ခဲ့သည်။

သာစည်မြို့နယ်၌ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် အမှတ် (၃၆) အ.ထ.က တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ" ကို ယမန်နေ့ နံနက် (၉:၃၀) နာရီက အမှတ် (၃၆) အခြေခံပညာအထက်တန်းကျောင်း ဗန္ဓုလခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး