မန္တလေးတိုင်းဒေသကြီး

ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာကာ စိုးရိမ်ရေမှတ်ရောက်ရှိရန် ၈၈ စင်တီမီတာအလိုရောက်ရှိနေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၉၃ စင်တီမီတာခန့် ၄ ပေခန့်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်လှနုထွေးထံက သိရသည်။

ချမ်းမြသာစည်မြို့နယ် အမှတ် (၂၆) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်းရှိ တကောင်းသစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သာစည်လမ်းမှ ရွှေတောင်-ချောက်ပင်-ခင်းလူးလမ်းတာချဲ့၍ ကျောက်ချောလမ်းခြင်းလုပ်ငန်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် သာစည်လမ်းမှ ရွှေတောင်-ချောက်ပင်-ခင်းလူးလမ်းတာချဲ့၍ ကျောက်ချောလမ်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

​​​​​​​ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်းလုပ်ငန်း(၁၆)ခုနှင့်တံတားလုပ်ငန်း(၃)ခု ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များနှင့် ထုတ်ကုန်လုပ်ငန်းများ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူနိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းတံတားများကို ရာသီမရွေးသွားလာနိုင်ရေး နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် လမ်းလုပ်ငန်း (၁၆) ခုနှင့် တံတားလုပ်ငန်း (၃) ခု စုစုပေါင်း (၁၉) ခု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝါဆိုလပြည့်နေ့တွင် ပြင်ဦးလွင်မြို့ရှိ ဦးခန္တီဘုရားဝင်းအတွင်းတွင် သံဃာတော် (၈၂၀) ပါး  စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၇  ခုနှစ်၊  ဝါဆိုလပြည့်နေ့တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂) ရှိ ဦးခန္တီဘုရားဝင်းအတွင်းတွင်  ယနေ့နံနက် (၆:၃၀) နာရီက သံဃာတော် (၈၂၀) ပါးတို့အား  စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ရာ ပြင်ဦးလွင်တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်  အလှူရှင်များ တက်ရောက်ကြသည်။  

ဝမ်းတွင်းမြို့နယ်၌ မြန်မာအီလက်ထ‌ရောနစ် မဲပေးစက် (MEVM) အသုံးပြုမှုဆိုင်ရာ ဆင့်ပွားသင်တန်း(၁/၂၀၂၅) ဖွင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြန်မာအီလက်ထ‌ရောနစ်မဲပေးစက် (MEVM) အသုံးပြုမှုဆိုင်ရာဆင့်ပွား သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဝါဆိုလပြည့်(ဓမ္မာစင်္ကြာနေ့)တွင် မန္တလေးစွယ်တော်ဘုရား၌ ဘုရားဖူးသူများ စည်ကား

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ရန်ကုန်မန္တလေးကားလမ်းဘေးတွင် ဆည်ထားကိုးကွယ်တော်မူထားသော မန္တလေးစွယ်တော်မြတ်စေတီတွင် ဝါဆိုလပြည့်နေ့ (ဓမ္မာစင်္ကြာအခါတော်နေ့) ဘုရားဖူးပြည်သူများ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ဝါဆိုလပြည့်(ဓမ္မာစင်္ကြာနေ့)တွင် မန္တလေးစွယ်တော်ဘုရား၌ ဘုရားဖူးသူများ စည်ကား

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ရန်ကုန်မန္တလေးကားလမ်းဘေးတွင် ဆည်ထားကိုးကွယ်တော်မူထားသော မန္တလေးစွယ်တော်မြတ်စေတီတွင် ဝါဆိုလပြည့်နေ့ (ဓမ္မာစင်္ကြာအခါတော်နေ့) ဘုရားဖူးပြည်သူများ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနှင်းသွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ကျောက်ဆည်မြို့နယ်အတွင်း မြို့ဝင်/မြို့ထွက်နေရာများနှင့် လမ်းဆုံလမ်းခွများတွင် ယနေ့နံနက် (၉) နာရီက စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စားယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ တောင်တောကုန်းကျေးရွာရှိ တောင်တောကုန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်သမဝါယမအသင်း၊ အသင်းသားတောင်သူ ဦးသန်းရွှေ၏ ကွင်းအမှတ် (၅၄၉) /က၊ ဦးပိုင်အမှတ် ၂၃/၂ ရှိ စိုက်ဧက (၃.၀၀) ဧကနှင့် အသင်းသားတောင်သူ ဦးလှမင်း၏  အမှတ် ၅၅၀၊ ဦးပိုင်အမှတ် (၆၁/၂)ရှိ စိုက်ဧက (၄.၅) ဧကတို့တွင် Rakka 666 BT မျိုး မိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး