မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ဘေးသင့်ပြည်သူများအား ဆန်(၁)လစာ (ဒုတိယ)အကြိမ်နှင့် ဝန်ထမ်းမှီခိုသူများအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးပိ (၁)လစာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားများသို့ တက်ရောက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက မန္တလေးငလျင်ဘေးသင့် ပြည်သူများအား ဆန်(၁)လစာ (ဒုတိယ)အကြိမ် နှင့် ဝန်ထမ်းမှီခိုသူများအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးပိ (၁)လစာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားများကို ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ရှိ မြို့တော်ခန်းမ၌လည်းကောင်း၊ မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။