အမရပူရမြို့နယ်တွင် အိမ်ထောင်စုဇယား၊ နိုင်ငံသားစီစစ်ရေးကတ်များနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဦးစီးမှူးရုံးမှ အိမ်ထောင်စုဇယားများနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ၊ နံပါတ်ဆယ်လုံးပါ UID ကတ်များကို ပန်းခင်းစီမံချက် ၃ ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အမရပူရမြို့နယ်၊ ဓနုံးကျေးရွာ၊ အောင်သိဒ္ဓိကပ်ကျော်ဓမ္မာရုံတွင် ဇွန်လ ၂၉ ရက်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။