မန္တလေးတိုင်းဒေသကြီး

ပြင်ဦးလွင်မြို့တွင် အသိပညာပေးဟောပြော‌ပွဲကျင်းပ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ပြင်ဦးလွင်ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသော အသိပညာ‌ပေးဟောပြော‌ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာ၀တီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာ၀န်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၃၂၀) ဦး တက်ရောက်ကြသည်။ 

စဉ့်ကိုင်မြို့နယ်၌ မြန်မာအမျိုးသမီးများ‌နေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍  သစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန်၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရန်၊ ဂေဟစနစ်တည်ငြိမ်လာစေရန်၊ ပြည်သူများသစ်ပင်စိုက်ပျိုးလိုစိတ်များဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင် များအား ချစ်ခင်တန်ဖိုးထားတက်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန်ရည်ရွယ်၍  အ.လ.က (ထန်းသုံးပင်)‌၌  မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက ကျင်းပခဲ့သည်။

သစ်တံခါးဆရာတော်အား  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်ဖူးမြော်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန်လ(၃၀)ရက်နေ့နံနက်ပိုင်းက မဟာမုနိဘုရားကြီးသို့ရောက်ရှိပြီး သစ်တံခါးဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမဏိဇောတ (ယော) ဆရာတော်အား ကြိုဆိုဖူးမြော်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၅)သို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဇွန်လ(၃၀)ရက်နေ့မွန်းလွဲပိုင်းက ကျင်းပရာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင် ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ကန်ကြီးထောင့်မြို့နယ်၌ မော်‌တော်ယာဉ်များစစ်‌ဆေးခြင်းအား စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာနေ ပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှ ကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulance ယာဉ်များ၊ သာသနာနံပါတ်တပ်မော်တော်ယာဉ်များ၊ ယာဉ်နံပတ်အတုတပ်သုံးစွဲနေမှုများ မရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့်ဌာနဆိုင်ရာတို့မှပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် လိုင်စင်မဲ့မော်‌တော်ယဉ်များစစ်‌ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

မိတ္ထီလာခရိုင်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းအား လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားများ ကိုက်ညီမှုရှိ/မရှိအား  ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းအား လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားများ ကိုက်ညီမှု ရှိ/မရှိအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ကျင်းပ

ပျော်ဘွယ်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဦးဆောင်၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက်  သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူလေးများ ပူးပေါင်းပါဝင်သည့် အဖွဲ့များဖြင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာပြည်သူ့စာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ခရိုင်၊မြို့နယ်၊ ရပ်ကွက်ကျေးရွာ ပြည်သူ့စာကြည့်တိုက်များသို့ စာအုပ်လှူဒါန်းပွဲ ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ အခြေခံပညာကျောင်းများရှိ ပညာရေးဝန်ထမ်းများအား ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ အခြခံပညာ (ထက်.လယ်.မူ)ကျောင်းများမှ ပညာရေးဝန်ထမ်းများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနက ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပညာရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံမှ စက်ရုံမှူးနှင့် တာဝန်ရှိသူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော အောင်နိုင်တိုး စပါးစိုက်ခင်းအား ကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)မှ စက်ရုံမှူး ဦးမျိုးလွင်ဦးနှင့် ဒုစက်ရုံမှူး၊ ခရိုင်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးစိုးထွန်းနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာမှ ဦးစီးမှူး ဦးချစ်ဆွေဦးနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးတို့သည် ယနေ့နံနက်ပိုင်းက အောင်မြင်ဖြစ်ထွန်း လျက်ရှိသော အောင်နိုင်တိုး စပါးစိုက်ခင်းအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး