မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့နယ်၌ ဒုတိယအကြိမ်အဖြစ် အမျိုးသားလက်ရွေးစင် လမ်းကြမ်းအပြေးအားကစားပြိုင်ပွဲ ကျင်းပ

မန္တလေတိုင်း​ဒေသကြီး၊‌ ညောင်ဦးခရိုင်၊​ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာအုပ်စု၊ ပုပ္ပါးတောင်မကြီးတွင် ဒုတိယအကြိမ်အဖြစ် Myanmar Ultra Trail Running Association (MUTRA)အမျိုးသားလက်ရွေးစင်အဆင့် လမ်းကြမ်းအပြေးအားကစားပြိုင်ပွဲကို ယနေ့နံနက်က ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့တွင် သီးနှံမျိုးစုံ (၃၅၀)ဧက ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရေး ရွှေလေးရိုးနှင့် ဘိုဘေးရိုးတွင် သဲနုန်းတူးဖော်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်စွာ ရေပေးဝေနိုင်ရေး၊ တိမ်ကောနေသည့် မြောင်းများအား သဲနုန်းများတူးပေးခြင်း၊ မြောင်းနံရံများအား ကျောက်ဆလံစီပေးခြင်း၊ ပျက်စီးနေသည့်ရေပေးပြွန်များ၊ ရေကျအဆောက်အအုံများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆  ဘဏ္ဍာနှစ်၌ သီးနှံမျိုးစုံ (၃၅၀)ဧက ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရေး ရွှေလေးရိုးနှင့် ဘိုဘေးရိုးတွင် သဲနုန်းများတူးဖော်ပေးလျက်ရှိကြောင်း သိရှိရသည်။

မဟာဝိသုဒ္ဓါရုံတိုက်သစ် အောင်မြေသာစည်အလယ်တိုက်ကြီး ပြုပြင်မွမ်းမံတည်ဆောက်နိုင်ရန်အလှူငွေလှူဒါန်းပွဲနှင့် ဘိလပ်မြေအိတ်(၁၀၀)လှူဒါန်းပွဲ အခမ်း အနားကျင်းပ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်ရှိ အောင်မြေသာစည်အလယ်တိုက်ကြီးအားပြန်လည်ပြုပြင် မွမ်းမံနိုင်ရန်အတွက် အလှူငွေများလှူဒါန်းပွဲနှင့် ဘိလပ်မြေအိတ်(၁၀၀)လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ(၂၇)ရက် နေ့နံနက်ပိုင်းက မဟာဝိသုဒ္ဓါရုံတိုက်သစ်ရှိ အောင်မြေသာစည် ထေရာသနတိုက်ကျောင်းတွင်ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယမဟာဝိသုဒ္ဓါရုံတိုက်သစ်မဟာနာယက၊ မင်္ဂလာသီရိအုဋ် ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တစန္ဒောဘာသာဘိဝံသ၊ အဝေရာရာမ ရန်ကင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဩဒါတာသိရီဘိဝံသအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြည်ညိုကြပြီး နမောတဿ(၃)ကြိမ် ရွတ်ဆိုကာအခမ်းအနားကို ဖွင့်လှစ်၍အစီအစဉ်အတိုင်းဆက်လက် ကျင်းပခဲ့သည်။

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် အမျိုးသားဘောလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းနှင့် အမျိုးသားဘောလုံးအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် ၂၀၂၅ ခုနှစ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲတက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇း၃၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆေးဝါးတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာကာ စိုးရိမ်ရေမှတ်ရောက်ရှိရန် ငါးပေခန့်အလိုတွင်ရှိနေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေ ၆ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၁၆၉ စင်တီမီတာခန့်လိုကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်လှနုထွေးထံက သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၇) ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

မန္တလေးငလျင်ကြီးကြောင့် တိမ်းစောင်းသွားခဲ့သည့် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာစေတီ၏ အောက်ခြေကျောက်တုံးကြီးအား ထိန်းသိမ်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးငလျင်ကြီးကြောင့် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာစေတီ၏ အောက်ခြေကျောက်တုံးကြီးမှာ မူလအနေအထားမှ တိမ်းစောင်းသွားခဲ့ရာ လက်ရှိအတိုင်းခိုင်ခံ့စေရေးအတွက် ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၇) ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ဘူမိဗေဒပညာရှင် ဒေါက်တာယုမောင်နှင့် ပညာရှင်အဖွဲ့၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

တောင်သာမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အမှတ်(၆)ရပ်ကွက် မင်းစုအခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ယမန်နေ့နံနက် ၈ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ပြီး မြို့နယ်သစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက ရွှေပေါ်ကျွန်းကျေးရွာ၊ ကျီတော်ကုန်း အ.မ.က-မူလွန်ကျောင်းဝန်းအတွင်း မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး