မန္တလေးတိုင်းဒေသကြီး

မိတ္ထီလာမြို့၌ စွန့်ပစ်အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ဆောင်ရွက်

မိတ္ထီလာမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအား စွန့်ပစ်အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာစည်မြို့ အ.ထ.က(၁)၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့ အ.ထ.က (၁)၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ဒုတိယအကြိမ် ငါးမျိုးကောင်ရေ ခုနစ်သိန်းစိုက်ထည့်

မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍  ဧရာဝတီမြစ်အတွင်း ဇွန် ၂၇ရက် နံနက် ၈နာရီက မန္တလေး အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်၊၂၂လမ်းနှင့်မြို့ပတ်လမ်းထောင့်ရှိ ကျွဲစွန်းဆိပ်ကမ်းတွင် ငါးခုံးမကြီးကောင်ရေ နှစ်သိန်း၊ ရွှေဝါငါးကြင်းကောင်ရေ နှစ်သိန်းခွဲ၊ ငါးမြစ်ချင်းကောင်ရေ နှစ်သိန်းခွဲ  စုစုပေါင်း ငါးကောင်ရေခုနစ်သိန်းစိုက်ထည့်ပွဲ ကျင်းပသည်။

မိတ္ထီလာခရိုင်တွင် မြန်မာ့အာမခံလုပ်ငန်းမှ မြေငလျင်အာမခံလျော်ကြေး​ငွေကျပ်သိန်း ၁၅၀၀ ပေးအပ်

မြန်မာ့အာမခံလုပ်ငန်း မိတ္ထီလာခရိုင်ရုံးမှ မီးအာမခံနှင့် မြေငလျင်အပိုအကာအကွယ် ယူထားသူများအား မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းထန်မြေငလျင်ကြောင့် အဆောက်အဦများ ပျက်စီးခြင်းအတွက် အာမခံအကာအကွယ်ထားရှိသည့် ပေါ်လစီရှင် ၁၀ ဦးအတွက် မြေငလျင်အာမခံလျော်ကြေးငွေကျပ် သိန်း ၁၅၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စင်းကွန်းကျေးရွာတွင်စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် စင်းကွန်း ကျေးရွာတွင် စိုက်ပျိုးထားသော မိုးကြိုပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ကြောင်း သိရှိရသည်။ စမာစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်ပါဝင်သည့် စင်းကွန်းကျေးရွာအုပ်စုတွင် ပဲတီစိမ်းသီးနှံ ၇၅ဧက၊  ဒါန်းတိုင်ကျေးရွာအုပ်စုတွင် ဧက ၅၀)၊ ရန်ဘက်လိုကျေးရွာအုပ်စုတွင် ဧက ၁၅၀၊ ပေတောကြီး ကျေးရွာအုပ်စုတွင် ၁၇၅ ဧက၊ ဘုံကွင်းကျေးရွာအုပ်စုတွင် ဧက  ၄၀၊ ပန်းခွာ ကျေးရွာအုပ်စုတွင် ၂၀၇ဧက စုစုပေါင်း ၆၉၇ဧက  စိုက်ပျိုးထားကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌  အလားအလာကောင်း၊ အထွက်နှုန်းကောင်း၊ ဈေးကွက်ဝင်စပါးမျိုးသစ် (အောင်နိုင်တိုး) နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ စိုက်ပျိုးရေးသုတေသနခြံတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် စပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးခဲ့သည့် အလားအလာကောင်း၊ အထွက်နှုန်းကောင်း၊ ဈေးကွက်ဝင်စပါးမျိုးသစ် (အောင်နိုင်တိုး) နွေစပါးမျိုးသစ်အား ယနေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများ (အခမဲ့) နယ်လှည့်ကွင်းဆင်းဆေးကုသ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး ခုနစ်ဦးတို့က အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းကို ယနေ့နံနက် ၈နာရီကစတင် ဆောင်ရွက်သည်။

ချမ်းအေးသာစံမြို့နယ် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးအတွင်းရှိ သွေးလှူဘဏ်တွင် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယက သီရိပျံချီ ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ၏ သက်တော် (၅၇)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် (၂၈) ကြိမ်မြောက် သွေးလှူဒါန်းပွဲကို ဇွန် ၂၆ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အ.ထ.က (၄) တွင် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ နဝ‌ဒေးခန်းမ၌ ကျင်းပ‌‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် အောင်ရတနာ(မုန်တိုင်) ဓမ္မာရုံကြီးတွင် ပြည်သူလူထုနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ နန်း‌တော်ရှေ့ရှိ ဒေါနဘွားရပ်ကွက် အောင်ရတနာ(မုန်တိုင်) ဓမ္မာရုံကြီးတွင် ကျင်းပသည့် ပြည်သူလူထုနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။ 
Subscribe to မန္တလေးတိုင်းဒေသကြီး