မန္တလေးတိုင်းဒေသကြီး

ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်​ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှူနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်​ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့နံနက် ၉ နာရီ တွင်ဖြန့်ဝေခဲ့သည်။

ပျော်ဘွယ်မြို့ အ.ထ.က-၂ (ပန်းစုံ) တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြော

ပျော်ဘွယ်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ဇွန်လ (၂၅) ရက် နံနက် (၁၀) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း(ပန်းစုံ)တွင် ကျင်းပသည်။

 မိတ္ထီလာခရိုင်တွင် နွေစပါး မျိူးစေ့ထုတ်စံကွက်ရိတ်သိမ်းရာ တစ်ဧက စပါး (အစို) တင်း ၁၅၀ကျော် ထွက်ရှိ

မိတ္ထီလာမြို့နယ် တောမကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာရှိ တောင်သူ ဦးထွန်းဝင်း၏ လယ်ငါးဧကရှိ ( GW-11) မျိူး နွေစပါးစံကွက်ကို ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် စပါး (အစို) ၁၅၃ ဒသမ ၁၂တင်း ထွက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် ကင်းလပ်-‌ မြောက်တောကြီး-တအုံကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်း 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကင်းလပ်-‌ မြောက်တောကြီး-တအုံကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း‌ ဆောင်ရွက်လျက်ရှိရာ  ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြား‌ရေးမှူးနှင့် တာဝန်ရှိသူများ ဇွန် ၂၅ ရက် မွန်းလွဲပိုင်းက  ကြည့်ရှုစစ်‌ဆေးကာ လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရှိ အရေးမဆိုကျေးရွာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကို ဇွန် ၂၄ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာရှိ အောင်ကမ္ဘာဆီဆိုင်တွင်  ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေး

ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြုလုပ်သည်။

ကျောက်ဆည်မြို့၌ စာဖတ်ရှိန်မြင့်မားရေး လူငယ်ရေးရာ အသိပညာပေးဟောပြော၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာန တို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက  ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာ ဗဟုသုတပြည့်ဝပြီး စာဖတ်ရှိန်မြင့်မားစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ လက်ကမ်း စာစောင်ဖြန့်ဝေခြင်း၊ စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြသပွဲကျင်းပသည်။

ဝမ်းတွင်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့က အခြေခံပညာအထက်တန်း ကျောင်း -သဲတော၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာမှ ကျောင်းမုန့်ဈေးတန်းအား စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ (အမှတ် -၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်ဈေးတန်းသို့ ရှောင်တခင်သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိ အမှိုက်၊ ပလတ်စတစ် အမှိုက်များ ခွဲခြားစွန့်ပစ်နိုင်ရန် ကျပ် (၁၉၂)သိန်း တန်ဖိုးရှိ ၁၂၀ လီတာဆံ့ ပလတ်စတစ်အမှိုက်ပုံး အစုံ ၃၀ (၁၂၀ လုံး) ပေးအပ်လှူဒါန်း

မန္တလေးမြို့တော်ကြီးအား သန့်ရှင်းသာယာလှပသော မြို့တော်၊ စိမ်းလန်းစိုပြည်သောမြို့တော်ဖြစ်ရေးအတွက် ပြည်သူလူထုက ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက မန္တလေးကုန်တင်ရေယာဉ်ပိုင်ရှင်များအသင်းမှ မြို့တော်သန့်ရှင်းရေးလုပ်ငန်းများတွင် အထောက်အကူပြုသည့် အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိ အမှိုက်၊ ပလတ်စတစ် အမှိုက်များ ခွဲခြားစွန့်ပစ်နိုင်ရန် ရည်ရွယ်၍ ပလတ်စတစ် အမှိုက်ပုံးများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး