ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း စတင်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့သစ်၊ သီရိပစ္စယာရပ် အေဒီ ၁၁ ရာစု၊ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအား ဇွန်လ ၂၃ ရက်၊ နံနက် ၈ နာရီခွဲ အချိန်က စတင်ကပ်လှူလျက်ရှိကြောင်း သိရသည်။