မန္တလေးတိုင်းဒေသကြီး

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြိုင်ပွဲများ ကျင်းပ

ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာဗဟုသုတများ ထွန်းကားစေရန်အတွက် ပြိုင်ပွဲများကို ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ် သမဝါယမအသင်းသားတောင်သူများ၏ နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပျော်ဘွယ်မြို့နယ်တွင် သစ်ဆိမ့်ပင်ကျေးရွာနှင့် ပိတောက်ပင်ကျေးရွာတို့မှ သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် နွေစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကို သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား) ဦးအောင်ပြည့်စိုးသည် အဆိုပါ ကျေးရွာစိုက်ခင်းများသို့ ဇွန်လ (၂၂) ရက်၊ နံနက် (၉) နာရီခွဲက သွားရောက်ကြည့်ရှုအားပေးသည်။

ကျောက်ဆည်မြို့နယ် သင်တောင်ကျေးရွာတွင် ကတ္တရာလမ်းသစ်ဖွင့်ပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မန္တလေးမြို့ ဦးဝမ်းချင်းရွှေ+ဒေါ်ရီရီချို (အောင်မြန်မာဟိန်း) ကုမ္ပဏီမိသားစုမှ သင်တောင်းကျေးရွာ၊ ရွာလည်လမ်းမကြီးအား ကတ္တရာလမ်းခင်းပေးခဲ့ပြီး ယနေ့နံနက်ပိုင်းက လမ်းသစ်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

​​​​​​​မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇွန်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် (၅) နာရီက စတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။

ညောင်ဦးမြို့နယ်၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသုံးမျိုးဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (ပုဂံရုံးခွဲ)ကဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းသုံးမျိုးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က Aureum Place Hotel  ကျန်စစ်သားခန်းမ၌ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများအား ကိုဗစ်ရောဂါကြိုတင်ကာကွယ်ဆေး ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတို့ပူးပေါင်း၍ ဝန်ထမ်းများနှင့်မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇွန် ၂၀ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၆၈လမ်း၊လမ်း၃၀ရှိ တိုင်းဒေသကြီးရုံးတွင် ထိုးနှံပေးကြသည်။

ချမ်းမြသာစည်မြို့နယ်တွင် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အခွန်ဦးစီးဌာနမှူးရုံး၏ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀နာရီက ချမ်းမြသာစည်မြို့နယ်၊လမ်း ၆၀၊ မနော်ဟရီထောင့်ရှိ Swallow Hotel ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေများခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြာပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က(ကသဲစု)တို့ ပူးပေါင်း၍  ကျောင်းသား/ကျောင်းသူများ ‌မူးယစ်အန္တရာယ်နှင့်ပတ်သက်သည့် ဆိုးကျိုးများကို သိရှိစေရန်ရည်ရွယ်ကာ အသိပညာပေးဟော‌ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.မ.က (ကသဲစု)၌ ပြုလုပ်‌ဆောင်ရွက်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး