မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲရူပဗေဒနှင့် သမိုင်းဘာသာရပ်ကို ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲများကို ယနေ့နံနက်(၉)နာရီမှ စတင်၍ ပြန်လည်ဖြေဆိုလျက်ရှိရာ၊ ဓာတုဗေဒနှင့် ပထဝီဘာသာရပ်ကို၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၈၀)ဦး အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းမြေ့စွာဖြင့် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်အား ဝင်ရောက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းမြေ့စွာဖြင့် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်အား ယမန်နေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန (၄)ခုဖြင့် စီစဉ်ကျင်းပလျက်ရှိပြီး မြို့နယ်အသီးသီးမှ ကျောင်းသား/သူများ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို အေးချမ်းစွာ ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက် (၉) နာရီမှ စတင်ကာ ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သူနာပြုတက္ကသိုလ်-(မန္တလေး)၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ သူနာပြုတက္ကသိုလ် (မန္တလေး)၏ တက္ကသိုလ်ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှင်အဇ္ဈဂေါဏဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်မြတ်အား ရွှေသင်္ကန်းအသစ်ပြန်လည်ကပ်လှူမည်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှင်အဇ္ဈဂေါဏဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်ကြီးအား ရွှေသင်္ကန်းအသစ်ပြန် လည်ကပ်လှူပူဇော်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဆီဝယ်စာအုပ်တစ်အုပ် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် စားအုန်းဆီ(၃၃၀) ပိဿာရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများစားသုံးဆီ ဝယ်ယူသုံးစွဲရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆီဝယ်စာအုပ်(၁) အုပ်ပြုလုပ်ပေးထားပြီး ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ရောင်းချပေးလျက်ရှိကြောင်းနှင့် ယမန်နေ့က ဆီဝယ်စာအုပ်(၁)အုပ် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် စားအုန်းဆီ(၆၆၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်၌ ပြန်လည်ကျင်းပသည့် ၂၀၂၅  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီ၀င်ဘာသာရပ်အား ဆက်လက်ဖြေဆို

ပြင်ဦးလွင်မြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ  ၁၆ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထ၀ီ၀င်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ဗွီဒီယိုတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူးရျ် ဗွီဒီယိုတည်းဖြတ်နည်းသင်တန်းကို စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၌  ဇွန်လ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင်   ဖွင့်လှစ်သင်ကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးကကြီးမှူး၍ Basic Educational Science Workshop (2025) ကျင်းပ

တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးက ကြီးမှူးကျင်းပပြုလုပ်သော Workshop on Basic Educational Science (2025) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲအချိန်က တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းစက်ရုံ၊ ဧကရာဇ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး