မန္တလေးတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု၊ မုန်တိုင်းဘေးအန္တရာယ်၊သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီအလျှင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍ တနင်္သာရီတိုင်းဒေသကြီး မုန်တိုင်းဘေး အန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ကမြောကင်းတံတားအနီး ထားဝယ်မြစ်အတွင်း ကျင်းပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင်၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade -12 ရူပဗေဒဘာသာရပ်နှင့် သမိုင်း ဘာသာရပ်တို့အား ယနေ့နံနက် ၉ နာရီက အ-ထ-က ပုသိမ်ကြီးနှင့် အ-ထ-က အုန်းချောတို့၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။

ချမ်းမြသာစည်မြို့နယ်တွင် ရူပဗေဒဘာသာရပ်၌ ၉၈.၂၈%နှင့် သမိုင်းဘာသာရပ်တွင် ရာခိုင်နှုန်းပြည့် ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌‌မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများက စာစစ်ဌာန အသီးသီးတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။

ကျောက်ဆည်မြို့ ညောင်ရွေအခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်း  ကျောက်ဆည်မြို့နယ် ညောင်ရွေအခြေခံပညာအထက်တန်းကျောင်းဘက်စုံသုံးခန်းမတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ ပြည့်ဝပြီးစာဖတ်ရှိန်မြင့်မားစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ မြို့နယ်အဆင့်နွေနှမ်း စံကွတ်ရိတ်သိမ်းပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်အဆင့် နွေနှမ်းစံကွက် ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ဘုရားဖြူကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့နယ်၌  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စာစစ်ဌာနသုံးနေရာဖြင့်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်၍ သမိုင်းဘာသာရပ်နှင့် ရူပဗေဒ ဘာသာရပ်အား ကျောင်းသား/သူများဆက်လက် ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ငါန်းဇွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ၂၀၂၅.ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉နာရီမှစ၍ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade12 ကျောင်းသား၊ ကျောင်းသူများ ရူပဗေဒ ( ၉၇.၉၈)%နှင့်သမိုင်းဘာသာရပ်(၉၀.၉၁)% ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade-12 ကျောင်းသား၊ ကျောင်းသူများ ရူပဗေဒနှင့်သမိုင်းဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် တက္ကသိုလ်ဝင်စာဖြေဌာနကျောင်းများတွင်  Grade -12 ကျောင်းသား/သူ (၇၉၉)ဦး တက္ကသိုလ်ဝင် စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပ‌ ‌ဗေဒနှင့်သမိုင်းဘာသာရပ်အား ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ၂၈.၃.၂၀၂၅ရက်နေ့တွင် လှုပ်ခတ်သွားခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင် Grade-12အဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ကာ ယခု ၂၀၂၅ ခုနှစ် ဇွန်လ ၁၉ရက်နေ့တွင် ယနေ့နံနက်၉နာရီမှ စတင်၍ တက္ကသိုလ်ဝင် စာဖြေဌာနကျောင်းများတွင် Grade-12 ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲရူပဗေဒနှင့် သမိုင်းဘာသာရပ်အား ပဉ္စမနေ့အဖြစ် ဆက်လက်ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင်  ​ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ရူပဗေဒ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများသည် စာဖြေဌာနအသီးသီးတွင် စိတ်အေးချမ်းသာစွာဖြေဆိုလျက်ရှိသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး