မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့နယ်တွင် မိုးစပါးအထွက်တိုးမျိုးစေ့၊ သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာများပံ့ပိုး

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်သမဝါယမဦးစီးဌာနမှ မိုးစပါးစီမံကိန်းသီနှံစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား မိုးစပါးမျိုးစေ့၊ သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာတို့အား ပံ့ပိုးပေးခြင်းကို ယမန်နေ့ညနေ(၃)နာရီက ပိတောက်ပင်ကျေးရွာနှင့် သစ်ဆိမ့်ပင် ကျေးရွာတို့တွင် ပြုလုပ်ခဲ့သည်။

အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် အဓိကပန်းတိုင် သီးနှံ(၁၀) မျိုး စိုက်ပျိုးနိုင်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၏ အဓိကပန်းတိုင်သီးနှံ (၁၀)မျိုးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမရပူရမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့  နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ပြန်လည်ကျင်းပ‌စစ်‌ဆေးသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-12) တက္ကသိုလ်ဝင် စာမေးပွဲစတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူများ ဆက်လက်ဖြေဆို

၂၀၂၄-၂၀၂၅ ပညာသင်နှစ်  (Grade-12) တက္ကသိုလ်ဝင်စာ‌မေးပွဲ ပြန်လည်ကျင်းပစစ်‌ဆေးခြင်းများကို ဇွန်လ ၁၆ ရက်နေ့မှ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကျင်းပ‌ဖြေဆိုခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်  အ-ထ-က(စဉ့်ကိုင်)စာစစ်ဌာန၊ အထက(ပလိပ်)စာစစ်ဌာနနှင့် အ-ထ-က (ဘယ်လင်း) စာစစ်ဌာနတို့၌  ဇွန်လ ၁၉ ရက်နေ့ ယနေ့နံနက်ပိုင်းက စတုတ္ထနေ့အဖြစ် ဓာတု‌‌ဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိ‌‌ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် ဓာတု‌ဗေဒနှင့်ပထဝီဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူ ၂၁၀၀ ဦး စိတ်အေးချမ်းသာစွာ ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌‌မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်တွင် ပြန်လည်ဖြေဆိုသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်များကို ကျောင်းသား၊ကျောင်းသူများက စာစစ်ဌာန အသီးသီးတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။  ချမ်းမြသာစည်မြို့နယ်တွင် စာစစ်ဌာန( ၆)နေရာထားရှိကာ ယနေ့ ဓာတုဗေဒဘာသာရပ် ဖြေဆိုရာတွင် စာရင်းရှိကျောင်းသား /သူ (၂၀၉၁ ) ဦး၊ ပျက်ကွက် ကျောင်းသား/သူ ( ၃၆) ဦး၊ ဖြေဆို ကျောင်းသား/သူ (၂၀၅၅) ဦး ဖြေဆိုခဲ့ကြပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၈.၂၈ ရာခိုင်နှုန်းဖြစ်သည်။ ပထဝီ ဘာသာရပ်တွင် စာရင်းရှိကျောင်းသား /သူ (၄၅) ဦး၊ ဖြေဆိုကျောင်းသား/သူ (၄၅) ဦးဖြစ်ပြီး ရာခိုင်နှုန်းပြည့် ဖြေဆိုခဲ့ကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်လာရောက်ကြည့်ရှု

မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပဖြေဆိုလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အမှတ်( ၁၄) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို အားပေးကြည့်ရှုခဲ့သည်။

ညောင်ဦးမြို့နယ်၌  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်နှင့်ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စာစစ်ဌာနသုံးနေရာဖြင့်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်၍ ပထဝီဝင်ဘာသာရပ်နှင့် ဓာတုဗေဒဘာသာရပ်အား ကျောင်းသား/သူများဆက်လက် ဖြေဆိုလျက်ရှိကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade12 ကျောင်းသား၊ ကျောင်းသူများ ဓာတု‌ဗေဒနှင့်ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade12 ကျောင်းသား၊ ကျောင်းသူများ ဓာတု‌ဗေဒနှင့်ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြပွဲ ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ Grade-12 ဓာတုဗေဒ ၊ ပထဝီဝင်ဘာသာရပ် (စတုတ္ထနေ့) ဆက်လက်ပြန်လည်‌ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သတ်မှတ်စာစစ်ဌာနများတွင် ယနေ့နံနက် (၉)နာရီအချိန်က ဓာတုဗေဒ၊ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီးဘုရားများအား ဖူးမြော်ကြည်ညို၊ ပြုပြင်မွမ်းမံထိန်းသိမ်းမှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇွန်လ (၁၈) ရက်နေ့က ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး