မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တန်ခိုးကြီးဘုရားများအား ဖူးမြော်ကြည်ညို၊ ပြုပြင်မွမ်းမံထိန်းသိမ်းမှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ညောင်ဦးခရိုင်၊ ပုဂံရှေး ဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထိုသို့သွားရောက်ဖူးမြော်ရာတွင် အာနန္ဒာဂူဘုရားကြီး၊ ထီလိုမင်းလိုဂူဘုရားကြီးနှင့် ရွှေစည်းခုံစေတီတော်သို့ သွားရောက် ဖူးမြှော်ကြည်ညို၍ အလှူငွေများ လှူဒါန်းခဲ့သည်။ အဆိုပါဘုရားများသို့ ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများက အာနန္ဒာဂူဘုရားကြီးစောင်းတန်း (၃) သွယ်ရှိ ရွှေဇဝါယွန်းများ ရွှေမိုက်ထုတ်ခြင်း၊ Easy Gold ဖြင့် ရွှေချလုပ်ငန်းဆောင်ရွက်မည့်အစီအမံများ၊ ထီလိုမင်းလိုဂူဘုရားရင်ပြင် သဲကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရွှေစည်းခုံစေတီတော်ကြီးတွင် ကဏ္ဍအလိုက် ဘက်စုံပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး လှည့်လည်ကြည့်ရှုခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်နေသည့် ပုဂံရှေးဟောင်းအမွေအနှစ် ဒေသအတွင်း ရေကြီးရေဝပ်မှု ထပ်မံမဖြစ်ပေါ်စေရေးနှင့် ရေစီး ရေလာကောင်းမွန်စေရန်အတွက် ရှေးဟောင်းရေကန်များနှင့် ရှေးခေတ်ရေအသုံးချမှုစနစ် ပြန်လည်ဖော်ထုတ်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ သရပါတံတားအောက်ရှိ ရေနုတ်အဆောက်အအုံး အားတိုးချဲ့ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး လိုက်လံကြည့်ရှုခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် ဒေသတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် စက်မှုဇုန်ရှိ အထည်လိပ်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ဒေသတွင်း အသေးစား၊ အလတ်စား၊ အငယ်စားစက်မှုလက်မှုလုပ်ငန်းများ လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချောဈေးကွက်ဈေးနှုန်းများသိရှိနိုင်ရန်အတွက် စက်မှုဇုန်ရှိ အထည်လိပ်စက်ရုံများသို့ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် စတုတ္ထနေ့မြောက် ​ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၉၉.၂၈ ရာခိုင်နှုန်း ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ဓာတုဗေဒ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများသည် စာဖြေဌာနအသီးသီးတွင် ဖြေဆိုလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ညောင်ဦးခရိုင်အတွင်း စာစစ်ဌာနများတွင်တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12)အား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဝင်ရောက်ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေး

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12)ကို ပြန်လည်ကျင်းပ စစ်ဆေးခြင်းများကို သက်ဆိုင်ရာစာစစ်ဌာနများတွင် ဇွန် ၁၆ ရက်နေ့မှ စတင်ကျင်းပလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်း သတ်မှတ်စာစစ်ဌာန ၁၀၁ ခုတွင် ဇွန်လ(၁၈)ရက်နေ့ သင်္ချာဘာသာရပ်၌ စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ ၃၃၇၆၃ ဦး (ဖြေဆိုသည့် ရာခိုင်နှုန်း ၉၈.၆၀ ရာခိုင်နှုန်း)ရှိခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လုံခြုံရေးအဖွဲ့များအား တွေ့ဆုံအားပေးစကားများ ပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇွန်လ (၁၈) ရက်နေ့ နံနက်ပိုင်းက ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာနရှိ အနော်ရထာခန်းမ၌ ကျင်းပသည့် ညောင်ဦးခရိုင်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးရှိဝန်ထမ်းများ၊ ကလေးသူငယ်များအား Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် အခမဲ့ကွင်းဆင်း ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ  ၁  နာရီအချိန်က တိုင်းရင်းဆေးဌာနသို့ သွားရောက်၍ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့် သရုပ်ပြသခြင်းဆောင်ရွက်

စွန့်ပစ်ပစ္စည်းများစနစ်တကျခွဲခြားစွန့်ပစ်ရန် အသိပညာပေးခြင်းနှင့်သရုပ်ပြသခြင်းကို ကရင်ပြည်နယ်၊ ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့မွန်းလွဲ(၂)နာရီအချိန်ခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ပြင်ဦးလွင်မြို့ရှိ  အေးမြချမ်းသာ သီလရှင်စာသင်တိုက်၌ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဒေါ်ရွှေမိုးသူဇာ ဦးဆောင်၍ ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့သည် ဇွန်လ(၁၇)ရက်နေ့ မွန်းလွဲပိုင်း ၁၂ နာရီက ရပ်ကွက်ကြီး (၉)ရှိ အေးမြချမ်းသာ သီလရှင်စာသင်တိုက်၌ ပစ္စည်းများထောက်ပံ့ပေးအပ်လှူဒါန်းပွဲကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ဆေး ထိုးနှံပေး

ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အသင်းဝင်များနှင့်မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းကို ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲတစ်နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ နန်းတော်ရှေ့ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံတွင် ပြုလုပ်ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး