တံတားဦးခရိုင်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade - 12 ) တတိယနေ့ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်း Grade – 12 တတိယနေ့ သင်္ချာဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်ကစတင်၍ တံတားဦးခရိုင်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။