မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ရတနာပုံရေကူးကန်ဝင်း၌ ဆောက်လုပ်ထားသည့် ယာယီအိမ်ရာအဆောက်အဦများ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားသို့ တက်ရောက်

မန္တလေးမြို့၊အောင်မြေသာစံခရိုင်၊အောင်မြေသာစံမြို့နယ်ရှိ ရတနာပုံရေကူးကန်ဝင်း၌ ဆောက်လုပ်ထားသည့် ယာယီအိမ်ရာအဆောက်အဦများ လှူဒါန်းလွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါနေရာ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ Mega Thirty Nine Development Co.,Ltd မှ တာဝန်ရှိသူများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှအရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပြန်လည်ကျင်းပစစ်ဆေးသည့်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12) ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှု

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12)ကို ပြန်လည်ကျင်းပ စစ်ဆေးခြင်းများကို သက်ဆိုင်ရာစာစစ်ဌာနများတွင် ဇွန် ၁၆ ရက်နေ့မှ စတင်ကျင်းပလျက်ရှိပြီး ဇွန် ၁၇ ရက်နေ့  ဒုတိယနေ့၌ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဖြေဆိုလျက်ရှိရာ ဇွန်လ (၁၇)ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ကျောက်ဆည်ခရိုင်အတွင်း သတ်မှတ်စာဖြေဌာနများ၌ ကျောင်းသား၊ ကျောင်းသူများဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး မြင်းခြံမြို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး မြင်းခြံမြို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်းကို ယနေ့နေ့လယ် (၂) နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ပန်းတိုင်သီးနှံ (၇) မျိုး အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် အဓိကပန်းတိုင် (၇) မျိုး အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများအထွက်နှုန်းတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေး ဆွေးနွေးပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာတွင် ယနေ့နံနက် (၁၁)နာရီက ချည်မျှင်ရှည်ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲအခြေခံပညာ အထက်တန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် (၁၀)နာရီခွဲအချိန်က အဆိုပါကျောင်းကွင်း၌ ပြသဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သီရီပျံချီ ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်(‌ဃ)ရပ်ကွက်၊ ကျန်းမာရေးဦးစီးဌာနတွင် အသက်(၅၀)နှင့်အထက် ပြည်သူများအား Covid-19 ရောဂါကြိုတင် ကာကွယ်ဆေး ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊(ဃ)ရပ်ကွက်၊ကျန်းမာရေးဦးစီးဌာနတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျန်းမာရေးဦးစီးဌာနမှ ဆရာမ‌ ဒေါ်မြတ်မိုးဦးနှင့် အဖွဲ့ဝင်များက အသက် (၅၀)နှင့်အထက် Covid-19 ရောဂါကြိုတင်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ‌ ကြောင်းသိရသည်။

ကျောက်ဆည်မြို့ မြို့မအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီး ဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ (၁) နာရီက  ကျောက်ဆည်မြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းဘက်စုံသုံးခန်းမတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုလျက်ရှိရာ ဒုတိယနေ့အင်္ဂလိပ်စာ ဘာသာရပ်ကို ကျောင်းသား/သူများ ယနေ့နံနက် ၉ နာရီက စာစစ်ဌာနအသီးသီးတွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော်အားဖူးမြော် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက် ကွင်းပြပွဲကြည့်ရှု အားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်အားဖူးမြော်၍ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြပြီး မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်ကွင်းပြပွဲကို ကြည့်ရှုအားပေးကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး