မန္တလေးတိုင်းဒေသကြီး

ဝမ်းတွင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား/သူများအနေဖြင့်  ဖြေဆို

ဝမ်းတွင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခြင်းကို  ဇွန်လ (၁၆) ရက်နေ့မှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျင်းပလျက်ရှိရာ ကျောင်းသား/သူများမှ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆို

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန (၄) ခုတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၆ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း ဆောင်ရွက်မည်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းကို ခရိုင်အတွင်းရှိ ကျေးရွာ ၆ ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။

တောင်သမန်ကျေးရွာ၌ မှတ်ပုံတင်ကတ်များ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမှ မပြုလုပ်ရသေးသော ကျေးရွာသူ/သားများအား ဇွန်လ ၁၆ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်တွင်အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌‌မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ပြန်လည်ဖြေဆိုသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် စာမေးပွဲ၏ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများက စာဖြေဌာနအသီးသီးတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကာလကို ဇွန်လ ၁၆ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ချမ်းမြသာစည်မြို့နယ် တွင် စာဖြေဌာန(၆)နေရာ ထားရှိကာ ယနေ့အင်္ဂလိပ်စာဘာသာရပ် ဘာသာဖြေဆိုရာတွင် စာရင်းရှိကျောင်းသား/သူ (၂၁၃၆) ဦး၊ ပျက်ကွက် ကျောင်းသား/သူ (၃၄) ဦး၊ ဖြေဆို ကျောင်းသား/သူ (၂၁၀၂) ဦး ဖြေဆိုခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် သင်တန်းများ သင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် သစ်သီးမျိုးစုံ ယိုထိုးနည်းသင်တန်း အမှတ်စဥ် (၁/၂၀၂၅)နှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်းအမှတ်စဥ် (၂/၂၀၂၅) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက (မန္တလေး) လူငယ်သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

​​​​​​​မိတ္ထီလာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်များအား ဇွန်လ ၁၇ ရက်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက် (၉:၃၀) အချိန်ဤ မြင်းခြံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်၊ အမှတ်(၈)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်ဘာသာရပ်ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စာစစ်ဌာနသုံးနေရာဖြင့်  ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ  ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်၍ အင်္ဂလိပ်ဘာသာရပ်အား ကျောင်းသား/သူများဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး