မန္တလေးတိုင်းဒေသကြီး

ငါန်းဇွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ၂၀၂၅.ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉နာရီမှစ၍ ငါန်းဇွန်စာစစ်ဌာနတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်

ပြည်ကြီးတံခွန်မြို့နယ် တက္ကသိုလ်ဝင်စာဖြေဌာနကျောင်းများတွင်  Grade -12 ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ၂၈.၃.၂၀၂၅ရက်နေ့တွင် လှုပ်ခတ်သွားခဲ့သော မန္တလေးငလျင်ကြီးကြောင့်တက္ကသိုလ်ဝင် Grade-12အဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ကာ ယခု ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ရက်နေ့တွင် ယနေ့နံနက်ပိုင်းမှစတင်၍ တက္ကသိုလ်ဝင် စာဖြေဌာန ကျောင်းများတွင် Grade-12 ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ ‌အင်္ဂလိပ်စာဘာသာရပ်အား ဒုတိယနေ့အဖြစ် ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ဇွန်လ (၁၆) ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်နှင့် အဖွဲ့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့သည်။

 ရန်ကုန်-မန္တလေးကားလမ်းမှ  ရိုးကန်-ကန်သာ(စီးပွားရေးတက္ကသိုလ်အဝင်)လမ်း  ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ရန်ကန်-မန္တလေး ကားလမ်းမှ ရိုးကန်၊ ကန်သာ(စီးပွားရေးတက္ကသိုလ်အဝင်)လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြန်လည်ကျင်းပစစ်ဆေးသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကို ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဝင်ရောက်ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ကို ပြန်လည်ကျင်းပစစ်ဆေးခြင်းများကို သက်ဆိုင်ရာစာစစ်ဌာနများတွင် ဇွန် ၁၆ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ရမည်းသင်းခရိုင်အတွင်း သတ်မှတ်စာဖြေဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ဝင်ရောက်ဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုခဲ့ကြသည်။

ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  မွန်းလွဲပိုင်းက  ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

မြစ်သားမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ အဓိက သီးနှံ(၁၀)မျိုးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ၂၀၂၅ -၂၀၂၆ အဓိကသီးနှံ (၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် မြို့နယ်ဦးစီးမှူး၊ ကွင်းတာဝန်ခံ ရှေ့တန်းမှူး ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က အဆိုပါခန်းမ၌ ​ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ စိုက်ပျိုးရာသီ မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းဖွင်လှစ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက၂၀၂၅-၂၀၂၆ စိုက်ပျိုးရာသီ မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနယာယီရုံး၌ ဖွင်လှစ်ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စာဖြေဌာနအသီးသီးတွင် စိတ်အေးချမ်းသာစွာဖြေဆိုလျက်ရှိသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၌ ရွှေဘိုပေါ်ဆန်းဆန်အိတ် (၅၀၀၀) စီးဝင်/ စီးထွက်လမ်းကြောင်း ချောမွေ့စေရေး၊ ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွှဲပိုင်းက ဆန်လိုဒေသဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရွှေဘိုပေါ်ဆန်းဆန်အိတ်(၅၀၀၀) စီးဝင်/စီးထွက်လမ်းကြောင်းချောမွေ့စေရေး၊ ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး