မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့ဒေသခံများအနေဖြင့်  ဆီအုန်းမှိုများ ခူးဆွတ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံပြည်သူများသည် အများအားဖြင့် နှစ်တို၊ နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး အလေ့ကျပေါက်လျက်ရှိသည့်  အသီးအရွက်များကိုလည်း ဆွတ်ခူးရောင်းချလျက်ရှိရာ ဆီအုန်းမှိုများ ခူးဆွတ်ရောင်းချခြင်းဖြင့်  အပိုဝင်ငွေရရှိကြောင်း  သိရသည်။

သာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ပြန်လည်ဖြေဆို

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ပြန်လည် ဖြေဆိုရာ စာစစ်ဌာန ၅ ခုဖြင့် ကျောင်းသား/သူ ၁၃၂၉ ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မိတ္ထီလာမြို့ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယနေ့နံနက်ပိုင်းက မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ ‌ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ စီစဉ်ဆောင် ရွက်သော ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု အစီအစဉ်အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးပညာရေးမှူး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများ လှည့်လည်ကြည့်ရှုစစ်ဆေး

မန္တလေးမြို့ပေါ်ရှိ မြို့နယ်အသီးသီးတွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် Grade 12 စာမေးပွဲများ ဖြေဆိုလျက်ရှိရာ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်း ပညာရေးမှူး ဦးကျော်မိုးထွန်း လှည့်လည်စစ်ဆေးကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်အဖွဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများ လှည့်လည်ကြည့်ရှုစစ်ဆေး

မန္တလးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု့စစ်ဆေးကြသည်။

ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပြန်လည်ကျင်းပသည့်  တက္ကသိုလ်ဝင်စာမေးပွဲတွင်  မြန်မာစာဘာသာရပ် စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၌  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား  စာစစ်ဌာန(၅)ခု ဖွင့်လှစ်၍  ယနေ့နံနက်  (၉)နာရီတွင်  မြန်မာစာဘာသာအား   ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့မှ သွားရောက်ကြည့်ရှုအားပေးကြသည်။

ဝမ်းတွင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ဝမ်းတွင်းမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခြင်းကို  ဇွန်လ (၁၆) ရက်နေ့မှစတင်၍ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ကျင်းပလျက်ရှိရာ ကျောင်းသား/သူများမှ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ် ဒုတိယအကြိမ်ပြန်လည်ဖြေဆို

၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယအကြိမ်ပြန်လည်ဖြေဆိုခြင်းကို ယနေ့ ဇွန်လ ၁၆ ရက်နေ့မှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ထီးတော်မိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ စာစစ်ဌာန (၁) ခု ဖွင့်လှစ်၍ ကျင်းပဖြေဆိုလျက်ရှိသည်။

စဉ့်ကိုင်မြို့နယ်၌ ရေဘေးအန္တရာယ် အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ရေဘေးအန္တရာယ် အသိပညာပေးဟောပြောကို ယနေ့နံနက် ၁၀ နာရီအချိန်က ဘယ်လင်းကျေးရွာအုပ်စု၊ ဉာဏ်ကွေ့ကျေးရွာအတွင်းရှိ ရွာဦးဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး