မန္တလေးတိုင်းဒေသကြီး

စဉ့်ကိုင်မြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ် စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာ‌သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အထက(စဉ့်ကိုင်)စာစစ်ဌာန၊ အထက(ပလိပ်)စာစစ်ဌာနနှင့် အထက(ဘယ်လင်း) စာစစ်ဌာနတို့၌  ဇွန်လ ၁၆ ရက်နေ့ ယနေ့နံနက်ပိုင်းက မြန်မာစာဘာသာရပ်ကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိ‌‌ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်ရှိ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများ ပြန်လည်ဖြေဆို စာစစ်ဌာန (၄) ခုတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၈၀) ဦး ဝင်ရောက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ဇွန်လ (၁၆) ရက်နေ့၊ နံနက် (၉) နာရီမှ စတင်၍ ပြန်လည်ဖြေဆိုလျက်ရှိရာ မြန်မာဘာသာကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၈၀) ဦး အေးချမ်းစွာ ပြန်လည် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမှုကို ဇွန်လ (၁၆) ရက်နေ့ နံနက် (၉) နာရီမှ စတင်ကျင်းပလျက်ရှိပြီး သတ်မှတ်စာစစ်ဌာနများတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်း သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။ 

ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စာစစ်ဌာနသုံးနေရာဖြင့်  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ  ဇွန် ၁၆ ရက် နံနက် ၉ နာရီခွဲအချိန်မှစတင်၍ မြန်မာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း ညောင်ဦးခရိုင် ပညာရေးမှူး ဦးကျော်ဝင်းထံက သိရသည်။

အမရပူရမြို့နယ်တွင် G-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ပြန်လည်စတင်ဖြေဆို

မန္တလေးငလျင်ကြောင့် G-12 တက္ကသိုလ်ဝင်တန်းစာမေးအဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့သောကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုပြန်လည်ကျင်းပခဲ့ရာအမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းနှင့် နတ်ရေကန်ကျေးရွာအုပ်စုရှိ ယန္တယားအခြေခံပညာအထက်တန်းကျောင်းတို့တွင် ယနေ့နံနက် ၉ နာရီအချိန်က G-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာ စတင်ဖြေဆိုလျက်ရှိသည်။

မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ် ဇွန်လတွင် ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာဘာသာရပ်အား စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ် ဇွန်လ (၁၆) ရက်နေ့မှစတင်၍ ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်လည်‌ဖြေဆိုသည့် စာစစ်ဌာနများတွင် စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သတ်မှတ်စာစစ်ဌာနများတွင် ယနေ့နံနက် (၉) နာရီ အချိန်က မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီအစည်းအဝေးနှင့်  ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေးနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း မန္တလေးတိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ကော်မတီ အစည်းအဝေးကို ဇွန်လ (၁၄) ရက်နေ့ နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပျော်ဘွယ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျေးလက်နေပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသ

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ ကျေးလက်နေပြည်သူများ မြန်မာ့တိုင်းရင်းဆေးကို နည်းစနစ်မှန်ကန်စွာအသုံးပြုတတ်စေရန်နှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်းကို ယနေ့နံနက် (၉)နာရီက တွင်းရွာကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ငှက်ပျောဈေးကွက် ကောင်းမွန်လာသဖြင့် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သူ များပြားလာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက ဖီးကြမ်းငှက်ပျောဈေးကောင်းမွန်လာသည့်အတွက် ဖီးကြမ်းငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်သူများလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ 
Subscribe to မန္တလေးတိုင်းဒေသကြီး