ပျော်ဘွယ်မြို့နယ်တွင် နွေစပါးစိုက်ဧက (၂၄၀၅) ဧက လျာထားပြီး လျာထားချက် ထက်ကျော်လွန် အောင်စိုက်ပျိုးနိုင်ခဲ့
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး စိုက်ပျိုးရန် (၂၄၀၅) ဧကလျာထားခဲ့ပြီး လျာထားချက်ထက်ကျော်လွန်ကာ စုစုပေါင်းစိုက်ဧက (၂၉၁၆) စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။