စားသုံးဆီ စျေးများသတ်မှတ်စျေးအတိုင်း ရောင်းချမှု ရှိမရှိ ကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မြို့နယ်အတွင်း ပြည်သူများအား စားသုံးဆီအရောင်းဆိုင်များမှ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချမှုရှိမရှိကို ယမန်နေ့ ညနေ ၂ နာရီခွဲအချိန်က နတ်ရေကန်ကျေးရွာ၊ မြစ်လောင်းကျေးရွာနှင့် စာတိုးမြို့ပြင်ကြီးကျေးရွာတို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။