မန္တလေးတိုင်းဒေသကြီး

ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး အထွဋ်စေတီတော်ရွှေသင်္ကန်းကပ်လှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ပုဂံမြို့ဟောင်းရှိ အာနန္ဒာမြတ်စွာဘုရား တောင်ဘက်မုခ်ရှိ အာရုဏ်ခံတန်းစောင်းတန်းမျက်နှာကျက်ရှိ ရွှေများမှေးမှိန်နေခြင်းအား ပြန်လည်ပြုပြင်ခြင်းနှင့် ဘုရားကြီးအထွဋ်စေတီတော် ရွှေသင်္ကန်းကပ်လှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၃ ရက်၊ ယမန်နေ့နံနက် ၉ နာရီခွဲအချိန် အာနန္ဒာဘုရား ဂေါပကရုံးခန်းတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

ချမ်းအေးသာစံမြို့နယ် မန္တလေးအထွေထွေရောဂါကုဆေးရုံဝင်းကြီးအတွင်းရှိ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊  ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်းရှိ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်လည်ကျင်းပသွားမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားရှိမှုကို တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်လည်ကျင်းပသွားမည့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို၊ ဇွန်လ(၁၃)ရက်နေ့ နံနက် (၉) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများနှင့် ခေတ္တမြို့နယ်ပညာရေးမှူးတို့က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ချမ်းအေးသာစံမြို့နယ် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်းရှိ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊  ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဝင်းအတွင်းရှိ သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်ချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မတ္တရာမြို့ အ.ထ.က(စလွန်ဖြူ)၌ လူငယ်ရေးရာအသိပညာပေးဟောပြာပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ ၃၀မိနစ်အချိန်က အမှတ် (၅) ရပ်ကွက်ရှိ အ.ထ.က(စလွန်ဖြူ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေး

ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံခြင်းကို ဇွန်လ (၁၃) ရက်၊ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ Project Management  သင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၂၅ - ၂ဝ၂၆ ဘဏ္ဍာရေးနှစ် ခရိုင်အတွင်းရှိ ဝန်ထမ်းများစွမ်းဆောင်ရည်တိုးတက်စေရန်ဖွင့်လှစ်သည့် Project Management သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အဆိုပါဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ်၌ ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်ကျောင်းတိုက်အတွင်း သီတင်းသုံးတော်မူလျက်ရှိသည့် ဆရာတော်၊ သံဃာတော်များနှင့် မန္တလေးတက္ကသိုလ်ကျောင်းရှိ ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေးများ သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရေး စာဖြေဌာနများ ပြင်ဆင်ဆောင်ရွက်ထားရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပမည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပြန်လည်ဖြေဆိုနိုင်ရေး စာမေးပွဲဖြေဆိုမည့် စာဖြေဌာနများ ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

လမ်းတံတားများ ပြုပြင်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

အမရပူရခရိုင်၊ အမရပူရမြို့နယ် ကျန်တန်းရပ်ကွက် တံတားလယ်ရပ်ရှိ စစ်ကိုင်း-မန္တလေးသွားလမ်းမကြီးသည် မန္တလေးငလျင်နှင့် မိုးရေချိန်များမှုကြောင့် လမ်းများ ပျက်စီးနေမှုကို ပြုပြင်ဆောင်ရွက်လျက်ရှိသည့် နေရာနှင့် ဇွန်လ ၁၀ ရက်က ရွာသွန်းခဲ့သည့် မိုးရေချိန်ကြောင့် မှန်တန်းရပ်၊ အေးဇရပ်ရပ်ကွက်ထိပ်ရှိ စစ်ကိုင်း-မန္တလေးလမ်းပေါ်ရှိ ကျုံးကူရေးဆိုးထုတ် ပြွန်ပြိုကျပျက်စီးလုနီးပါး ဖြစ်နေ၍ ပြန်လည်ပြုပြင်နေသည့် နေရာများသို့ ဇွန်လ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး