မန္တလေးတိုင်းဒေသကြီး

စဉ့်ကူးမြို့၌ လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ဆောင်ရွက်သည်။

ကျောက်ဆည်မြို့၌  အခြေခံစားသောက်ကုန် ၆ မျိုးအား ဈေးနှုန်းချိုသာစွာရောင်းချ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၌ မြို့နယ်စည်ပင်သာယာရေးရုံးမှ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ စားဝတ်နေရေးသက်သာချောင်ချိရေး ယမန်နေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံစားသောက်ကုန် ၆ မျိုးအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသည်။

မဟာအောင်မြေမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက် 

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် သံလျက်မော်အရှေ့ရပ်ကွက်တွင် ရေစီးရေလာကောင်းမွန်စေရေး ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

တံတားဦးမြို့နယ်၌ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကွင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက ပြည်သူများ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးအတွက် ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။

မဟာ‌အောင်မြေမြို့နယ်၌ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်း စီမံချက် နိုင်ငံသားစီစစ်ရေးကတ်ပြား နှင့် UID ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

တံတားဦးမြို့နယ်၌ စက်သုံးဆီများတွင် အသုံးပြုနေသော QR CODE စနစ်များအားမြေပြင်ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား QR CODE စနစ်များ အသုံးပြခြင်းကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌  လျှပ်စစ်ကဏ္ဍ ပြည်သူအကျိုးပြု ရက်(၁၀၀) စီမံချက်ဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ရရှိစေရေးတို့အတွက် ဖြန့်ဖြူး‌ရေး ထရန်စဖော်မာ ၇ လုံး တပ်ဆင်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ လျှပ်စစ်ကဏ္ဍ၊ ပြည်သူအကျိုးပြု ရက်(၁၀၀)စီမံချက်ဖြင့် လျှပ်စစ် ဗို့အားပြည့်ဝစွာရရှိစေရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး၊ ယူနစ်ပျောက်ဆုံးမှု ကျဆင်းစေရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ရရှိစေရေးတို့အတွက် ဖြန့်ဖြူးရေး ထရန်စဖော်မာ ၇ လုံးကို တပ်ဆင်ခြင်းလုပ်ငန်းကို တည်ဆောက် ရာတွင် ၆၇ ဘီလမ်း၊ ၁၂၀ လမ်းတွင် ၁၁/၀.၄ ကေဗွီ (၅၀၀)ကေဗွီအေထရန်စဖော်မာတစ်လုံးကို လည်းကောင်း၊ ၇၃ လမ်းနှင့် မင်္ဂလာလမ်းတွင် ၁၁/၀.၄ကေဗွီ(၅၀၀) ကေဗွီအေ ထရန်စဖော်မာ တစ်လုံးကိုလည်းကောင်း၊ ၇၄ အေ လမ်းနှင့် ၁၁၅ လမ်းတွင် ၁၁/၀.၄ကေဗွီ(၃၁၅)ကေဗွီ ထရန်စဖော်မာတစ်လုံး ကို လည်းကောင်း၊ ၅၈လမ်းနှင့် ၁၁၉ လမ်းတွင် ၁၁/၀.၄ ကေဗွီ(၃၁၅) ကေဗွီအေထရန်စဖော်မာတစ်လုံးကိုလည်းကောင်း၊ ရန်ကုန်-မန္တလေးလမ်းနှင့် တံခွန်တိုင် ဈေးတန်းတွင် ၁၁/၀.၄ကေဗွီ(၃၁၅)ကေဗွီအေထရန်စဖော်မာတစ်လုံးကို လည်းကောင်း၊ ၆၁လမ်းနှင့်၁၃၃ လမ်းတွင် ၁၁/၀.၄ကေဗွီ (၃၁၅)ကေဗွီ ထရန်စဖော်မာတစ်လုံးကို လည်းကောင်း၊ ၅၃လမ်းနှင့် ၁၂၇လမ်းတွင် ၁၁/၀.၄ကေဗွီ (၃၁၅)ကေဗွီ ထရန်စဖော်မာတစ်လုံးကို လည်းကောင်း စသည့်‌ နေရာများတွင် စုစုပေါင်း ထရန်စဖော်မာ ၇ လုံး တပ်ဆင် ဆောင်ရွက်သည်။

ငါန်းဇွန်မြို့နယ်တွင် ဆီကုန်သည်ကြီးများအသင်းမှ ပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ဇွန် ၇ ရက် နံနက် ၈ နာရီမှစတင်၍  ညနေ ၄ နာရီထိ  မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ၏  စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင် ကြီးများအသင်းမှ မြို့ပေါ်လေးရပ်ကွက်ရှိ  အိမ်ထောင်စုဝင်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ တစ်ပိဿာ ကျပ် ၈၈၀၀နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။      

ပုသိမ်ကြီးမြို့နယ် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်ဆောင်း ထိုးနှံပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက စတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဇွန် ၈ ရက်၊နံနက် ၉ နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး