မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့၌ သစ်ပင်သစ်ကိုင်းခုတ်ထွင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားကြိုးအသစ်လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းလုပ်ငန်းမှ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ ဓာတ်အားစဉ်ဆက်မပြတ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းမှုပပျောက်ရေး ပြည်သူများလျှပ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်က ကျောက်ဆည်မြို့နယ် ဒု-မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဥက္ကာမျိုးဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဓာတ်ကြိုးများနှင့်မလွတ်ကင်းသော သစ်ကိုင်များခုတ်ထွင်ခြင်းနှင့်၊ လျှပ်စစ်ဓာတ်ကြိုအသစ်လဲခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့မွန်းလွဲ (၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပသည်။

မြစ်သားမြို့နယ်၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက ဘူတာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားပြီးလိမ္မာယဉ်ကျေးစေရန် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ဇွန် ၈ ရက်  နံနက် ၉ နာရီက ကျင်းပသည်။

မြစ်သားမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများဆက်လက် ထုတ်ချေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၆-၂၀၂၇ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကိုမေ ၁၅ ရက်မှစတင်၍  ထုတ်ချေး‌ပေးခဲ့ရာ ဇွန် ၈ ရက် နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း(ဆပ်ပြာ) သင်တန်းဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌  လူသုံးကုန်ပစ္စည်းပြုလုပ်နည်း(ဆပ်ပြာ) သင်တန်းဖွင့်ပွဲကို ဇွန် ၈ ရက် နံနက် ၉ နာရီခွဲက မကျီးပင်ပုကျေးရွာတွင် ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် အဘိတ် ဆေးခပ်ခြင်းများဆောင်ရွက်

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊စစ် ဆောင်ရွက်ခြင်းနှင့်ပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းက  ကွင်းဆင်းဆောင်ရွက်သည်။

မြစ်သားမြို့နယ်၌ မိုးကြိုသီးနှံပဲတီစိမ်းများ စတင်ရိတ်သိမ်း  

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မိုးကြိုသီးနှံစိုက်ပျိုးရာသီတွင် ကူမဲရှေ့တန်းစခန်းနှင့် မိုင်းမော ရှေ့တန်းစခန်းတို့တွင် ပဲတီစိမ်း ၆၀၇ ဧက စိုက်ပျိုးခဲ့ရာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်းသိရသည်။

တံတားဦးမြို့နယ် သစ်တောဦးစီးဌာန၌ ၂၀၂၆ ဘဏ္ဍာနှစ်တွင်ပြုစုပျိုးထောင်ထား  

မန္တလေးတိုင်းဒေသကြီးတံတားဦးမြို့နယ် သစ်တောဦးစီးဌာန၌ ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြုစုပျိုးထောင်ထားရှိသောသစ်မျိုးများပျိုးထောင်ထားရှိမှုကို ယနေ့နံနက် ၁၁ နာရီက ခရိုင် သစ်တောဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်အေး-၃သည် တံတားဦး(စဉ့်ကိုင်တွဲ) လူထုဖြန့်ယာယီသင်ပန်းပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိမှုကိုကွင်းဆင်းစစ်ဆေးသည်။

မြစ်သားမြို့နယ်အတွင်းရှိတောင်သူများ မိုးစပါးစိုက်ပျိုးရန် လုပ်ငန်းများစတင်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိတောင်သူများ ယခုနှစ် မိုးစပါးစိုက်ပျိုး ရာသီအတွက်အချိန်မီစိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများက မိမိတို့၏ လယ်ယာမြေများအားထယ်ရေးညက် အောင်ထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းများ ကြိုတင်ပြင် ဆင်ဆောင်ရွက်လုပ်ကိုင်နေကြကြောင်း မြစ်သားမြို့နယ် ငါးဆူကျေးရွာမှ မိုးစပါးစိုက်ပျိုးတောင်သူများထံမှ သိရသည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး(စတုတ္တနေ့) ဆက်လက်ကျင်းပ

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ကို ဇွန် ၈ရက် နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး