မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုး မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နေသော မိတ္ထီလာလွင်ပြင်ရေတင်စီမံကိန်းမှ စိုက်ပျိုးရေပေးဝေနေမှုအား ကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုး မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေရရှိရေးဆောင်ရွက်နေသော မိတ္ထီလာလွင်ပြင်ရေတင်စီမံကိန်းမှ စိုက်ပျိုးရေပေးဝေနေမှုအား မေလ ၂၈ ရက်နေ့က  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်‌စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ပြင်ဦးလွင်မြို့နယ်တွင် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က  လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည်။

ပြင်ဦးလွင်မြို့တွင် ၂၀၂၆ - ၂၀၂၇  ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌  ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

မြင်းခြံမြို့၌ ယင်လုံအိမ်သာ အသုံးပြုနိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် ယင်လုံအိမ်သာသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ယင်လုံအိမ်သာ အသုံးပြုနိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် ယင်လုံအိမ်သာသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က အမှတ် ၂ ရပ်ကွက် ခန်းမတွင် ပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၌ လွှတ်တော်ကိုယ်စား လှယ်များဖလား အသက်(၁၃)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ကြီးမှူး၍ မြန်မာ့အားကစားကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် အမျိုးသားစိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ ၅၆ လမ်း၊ ၁၂၇×၁၂၈ ကြားရှိ ထထ-၃၆၊ အားကစား ကွင်း၌ ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်‌နေ့က စတင်‌ ဘောလုံးပြိုင်ပွဲကစားခဲ့ရာ ယမန်နေ့ ညနေ ၄ နာရီက လွှတ်တော်ကိုယ်စားလှယ်များဖလား အသက်(၁၃) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့ စဉ့်ကိုင်မြို့နယ်သို့ (အခမဲ့) နယ်လှည့် ကွင်းဆင်းကုသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြည်သူ့ဆေးရုံကြီးမှ ပြည်သူ့ကျန်းမာရေးနှင့်ကုသ‌ရေးဦးစီးဌာနမှူး ဒေါက်တာဇင်ဇင်သန်း‌‌ဝေ ဦးဆောင်သော အထူးကုဆရာဝန်ကြီး(၁၀)ဦးနှင့်အဖွဲ့သည် စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးလွင်ဦးဆောင်သောအဖွဲ့နှင့် ပူးပေါင်းကာ ရက် ၁၀၀ စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်ကစတင်၍ ‌ဒေါင်းကျကျေးလက်ကျန်းမာရေးဌာနကိုအခြေပြု၍ ဒေသအတွင်းရှိရဟန်း၊ရှင်လူ၊ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် (အခမဲ့)နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသပေးခြင်းလုပ်ငန်းများ ဆောင်‌ရွက်‌ပေးခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်း အခမ်းအနားကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်းကို ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ဆုတောင်းရ မြတ်စွာဘုရား၌ မေလ (၂၈) ရက်နေ့ နံနက်ပိုင်းက ကျင်းပဆောင်ရွက်သည်။

ဝမ်းတွင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း) ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

မြင်းခြံမြို့၌ မျိုးစေ့ထုတ်စံပြကွက်များအတွက် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ ပေးအပ်ပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ခုနှစ် ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် မျိုးစေ့ထုတ်စံပြကွက်များအတွက် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာသင်တန်းဖွင့်ပွဲ ကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး